28 C
Yangon

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားများကို တိုက်ခိုက်မှု စစ်သား ၄ ဦးခန့် သေဆုံး

Must read

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားများကို တိုက်ခိုက်မှု စစ်သား ၄ ဦးခန့် သေဆုံး

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးခန့် သေဆုံးကြောင်း Democrati Guerilla Force – DGF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃၁ ရက် ညနေ ၁ နာရီခွဲခန့်က မုံရွာဘက်မှ မြင်းမူဘက်သို့ ထွက်ခွာလာသော ဂျန်ပါကား ၁ စီးနှင့် အိမ်စီးကား ၃ စီးကို မိုင်း ၃ လုံး ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီး ၊လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦးခန့်သေဆုံးနိုင်ကြောင်း သိရသည်။

“မန္တလေးဘက်ကို သွားတာဗျ၊ တစ်စီးကို ၇ ဦးလောက်တော့ပါမယ်၊ ကားရပ်သွားတယ်၊ အပြန်အလှန် ပစ်ခဲ့တာ၊ ၄၅ မိနစ်လောက်ကြာတယ်၊ အိမ်စီးကား ၃ စီးမှာက စစ်ခွေးတွေ အပြည့်ပဲ၊ ရှေ့ဆုံးကားမှာက ဂျန်ပါပါတယ်၊ စစ်ခွေးတွေက ကားရပ်ပြီး ပြန်ပစ်နေတာ၊ ၄၅ မိနစ်လောက်ကြာတယ်” ဟု Democrati Guerilla Force – DGF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့(DGF-Lower Chindwin)၊ Monywa The Boys၊ Spring Dove PDF (မုံရွာခရိုင်တပ်ရင်း ၂၄ )၊ တပ်ခွဲ ၄ နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA) တပ်ရင်း ၆ တပ်ခွ ၂ (စေတန်)တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article