29 C
Yangon

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆီဆိုင် ၁ ဆိုင်နှင့် ဆိုင်ကယ် ၂ စီး မီးလောင် ပျက်စီး

Must read

မိုးဗြဲမြို့ထဲကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆီဆိုင် ၁ ဆိုင်နှင့် ဆိုင်ကယ် ၂ စီး မီးလောင် ပျက်စီး

ရန်ကုန်၊ ဇွန် ၃

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ထဲသို့ အကြမ်းဖက် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဆီဆိုင် ၁ ဆိုင်နှင့် ဆိုင်ကယ် ၂ စီး မီးလောင် ပျက်စီးခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့ကို တာဝေးပစ် လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ရာ မိုးဗြဲမြို့ လမ်းမကြီးဘေးရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကို ထိမှန်ပေါက်ကွဲပြီး ဆီဆိုင်မီးလောင်ခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ကယ်ဆီလာထည့်နေသည့် ပြည်သူ ၂ ဦး လည်းထိမှန်ဒဏ်ရာ ရှိ ကာဆိုင်ကယ် ၂ စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ အလားတူပြည်သူ တစ်ဦး လည်း ဦးခေါင်းထိမှန် ပြင်းထန်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေ တင်းမာမှုကြောင့် မိုးဗြဲကို ဖြတ်သန်းသွားလာသော ခရီးသွား မိဘ ပြည်သူ များ နှင့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြပါရန် မိုးဗြဲပြည် သူ့ ကာကွယ်ရေးတပ် (MBPDF) က သတိပေး ထုတ်ပြန်ထားသည်။

Photo – မေလ ၂၇ ရက်နေ့တွင် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ပျက်စီးသွားသော ပြည်သူပိုင် နေအိမ် ၁ လုံး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article