28 C
Yangon

ပခုက္ကူမြို့နယ်ရှိ ပျူစောထီး သင်တန်းနှင့် မုံရွာ စီးပွားရေး တက္ကသိုလ် အတွင်းရှိ စစ်သားများကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ပခုက္ကူမြို့နယ်ရှိ ပျူစောထီး သင်တန်းနှင့် မုံရွာ စီးပွားရေး တက္ကသိုလ် အတွင်းရှိ စစ်သားများကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇွန် ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာရှိ ပျူသင်တန်းကို ရှော့တိုက်ဒုံး ၉ လုံးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းပေးနေသော ကျောင်းဆောင်အတွင်းကျရောက်ပေါက်ကွဲခဲ့ ကြောင်း Pakokku Special Guerilla Force – PSGF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက ပျူစောထီး အယောက် ၃၀ ခန့်ကို သင်တန်းပေးနေသော အ နောက် ဘုန်းကံကျေးရွာရှိ ပျူသင်တန်းနေရာအား တာဝေးပစ် ရှော့တိုက်ဒုံး ၄ လုံးဖြင့် တစ်ကြိမ်၊ ညနေပိုင်းတွင် တာဝေးပစ်ရှော့တိုက်ဒုံး ၅ လုံးဖြင့် တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံးများမှာ ပျူသင်တန်းပေးနေသော ကျောင်းဆောင်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း တွင် ပခုက္ကူမြို့မှ အကြမ်းဖက်စစ်သား ၁၀၀ ခန့်ရောက်ရှိ အင်အား ဖြည့်ထားကြောင်း သိရသည်။

“စစ်ခွေးတွေက ပျူတွေ အယောက် ၃၀ လောက်စုပြီး သင်တန်းပေးနေတာပါ၊ ကျနော်တို့ ပစ်တဲ့ လက် နက်ကြီးတွေက သူတို့ သင်တန်းပေးနေတဲ့ နေရာတွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုက တော့ စုံစမ်းနေဆဲပါ၊ ဒီနေ့မနက် ၅ နာရီလောက်မှာ ပခုက္ကူကနေ စစ်ကူ ၁၀၀ လောက်ရောက်နေပါ တယ်” ဟု Pakokku Special Guerilla Force – PSGF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku Special Guerilla Force – PSGF တပ်ဖွဲ့၊ Pakokku Special Task Force ၊ Bagan & Nyaung U People Defence Force ၊ King Fighter (PPDF)၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Ba Nyein Guerilla Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စီးပွားရေး တက္ကသိုလ်(မုံရွာ) တွင် အထိုင်ချတပ်စွဲ ထားသည့် အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့အား လက်လုပ် လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Snipe Rangers Force (LPDF) တပ်ဖွဲ့ ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၂ ရက် ည ၉ နာရီခွဲခန့်က မိုးသည်ထည်စွာရွာသွန်းနေသည့်ကြားမှ တာဝေးပစ် လက် လုပ်လက်နက်ကြီး ၆၀ မမ ၊ ၈၁ မမ စုစုပေါင်း ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များနားခိုရာ အဆောင်အတွင်းကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Snipe Rangers Force (LPDF) ၊ မုံရွာမြို့နယ် ပကဖ၊ God Of Snake တပ်ဖွဲ့ ၊ ပုဏ္ဏက တပ်ဖွဲ့ ၊ ဗန္တုလနှင့် အဖွဲ့သားများ ၊ ပစ်ထောင် တပ်ဖွဲ့ ၊ ကနောင် တပ်ဖွဲ့ ၊ ပြည်သူ ရောင်နီ တပ်ဖွဲ့ ၊ Sras တပ်ဖွဲ့ ၊ MPDF တပ်ဖွဲ့ ၊ ယင်းမာပင် ခရိုင် အမှတ် ၁၀ တပ်ရင်း ၄ ဒေါင်းနက်တပ်ဖွဲ့ ၊ ကမြင်းနီ တပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၂၇ တပ်ခွဲ ၂ နှင့် Titans People defence force တို့ ပူပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ် အကြမ်းဖက်စစ်တပ်မှ အကြမ်းဖက် စစ်တပ်ဘက်မှလည်း စက်ကလေး ၊ လက်နက်ကြီး တို့ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများကို သင်္ကြန်အကျနေ့က ပထမ အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့မှုတွင် အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ပြီး ၂၁ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော်လှန်ပြည်သူများ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ရန် တတ်နိုင် သလောက်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article