စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ရင်းများကို ကာကွယ်ရေး ဝန်ကြီးဌာနက လက်နက်တပ်ဆင်
ရန်ကုန်၊ ဇွန် ၃
စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်းများနှင့် စစ်ကြောင်းများကို မဟာဗျုဟာနှင့် အညီ တဆင့်ချင်း လက်နက်တပ်ဆင်ပေးလျက်ရှိနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက အသိပေး ထုတ်ပြန်ထားသည်။