30 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် စိုးရိမ်ရ

Must read

ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် စိုးရိမ်ရ

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ လျှပ်စစ်အဖွဲ့ဝင် ကိုဗန့်ဂျီကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး မုံရွာ စစ်ကြောရေးသို့ ပို့ဆောင်ရန် လာရောက်ခေါ်ဆောင်သွား ကြောင်း ဆာလင်းကြီးမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃၁ ရက်နေ့က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာသို့ ရောက်ရှိလာသော အကြမ်းဖက် ဖက်စစ်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိပြီး ၎င်းနှင့်အတူ ပြည်သူ ၃ ဦးလည်း ဖမ်းဆီးခံလိုက်ရ ကြောင်း၊ ဖမ်းဆီးခံပြည်သူ ၃ ဦးမှာ ပြန်လည် လွတ်မြေက်လာသော်လည်း ကိုဗန့်ဂျီအား ညောင်ပင်ကြီး ရဲစခန်းမှ တဆင့် မုံရွာမြို့သို့ ယနေ့ ဇွန်လ ၃ ရက်နေ့လည်ပိုင်းတွင် ဆက်လက် ခေါ်ဆောင်သွားကြောင်း သိရသည်။

“ညောင်ပင်ကြီးမှာ လုပ်ငန်းကိစ္စတစ်ခုနဲ့ ရောက်သွားတဲ့အချိန် ဖမ်းခံလိုက်ရတာပါ၊ ဝမ်ပေါင်ကို မုံရွာ ဘက်ကနေ ရိက္ခာလာပို့တဲ့ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရတာ၊ ကိုဗန့်ဂျီနဲ့အတူ ပြည်သူ ၃ ဦး လည်း ဖမ်းခံလိုက်ရတယ်၊ ပြည်သူ ၃ ဦးတော့ ပြန်လွှတ်ပေးပေမယ့် ကိုဗန့်ဂျီကိုတော့ သူတို့က ညောင်ပင်ကြီး ရဲစခန်းထဲမှာ ဆက်ထိန်းထားပြီးတော့ ဒီနေ့မှာပဲ မုံရွာဘက်ကနေ စက်လှေနဲ့လာခေါ်သွားတာ” ဆား လင်းကြီးမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းမိသွားသူများကို နှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသဖြင့် အ သက်အန္တရာယ်စိုးရိမ်လျက်ရှိကြောင်း၊ ကိုဗန့်ဂျီကိုလာရောက်ခေါ်ဆောင်သောအကြမ်းဖက်စစ်တပ် ရမ်း သမ်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦးလည်း ဒူးခေါင်းအောက်၌ ကျည်ထိမှန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article