36 C
Yangon

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းများ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၊ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ

Must read

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းများ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၊ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းတချို့ကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနှင့် နတ်သံကွင်းရဲစခန်း တို့တွင် အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ နံနက် ၄ နာရီ ၁၅ မိနစ်မှ ယခု နံနက် ၇ နာရီဝန်းကျင်အချိန်အထိ တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဒီမနက်လေးနာရီ ၁၅လောကတိုက်ပွဲတွေဖြစ်တယ်။ နတ်သံကွင်းရွာ၊ ရေတွင်းကုန်ကြီး၊ ဘုံသတော တပ်စခန်းတွေနဲ့ နတ်သံကွင်းရဲစခန်းတွေ အစီးခံရတယ်လို့ သိရတယ်။ အခုထက်ထိ ပစ်ခတ်သံတွေ လက်နက်ကြီး ပစ်သံတွေ မရပ်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် နတ်သံကွင်းရဲစခန်း အပါအဝင် ဝင်ရောက်စီးနင်းခံရသော စစ်တပ်စခန်းနေရာများကို ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေတွင် KNLA တပ်များနှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက လှုပ်ရှားလျက်ရှိနေရာ လက်ရှိ တိုက်ပွဲများသည် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ယခု နံ နက် ၇ နာရီဝန်းကျင် စစ်တပ်ရဟတ်ယာဥ်များ ပျံ၀ဲပစ်ခတ်​နေစဥ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article