32 C
Yangon

ထီးလင်းမြို့နယ်၊ ဆင်းထိုးရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ကား ၁ စီး ပျက်စီး

Must read

ထီးလင်းမြို့နယ်၊ ဆင်းထိုးရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု နေအိမ် ၂ လုံးနှင့် ကား ၁ စီး ပျက်စီး

ရန်ကုန်၊ ဇွန် ၆

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာအုပ်စု၊ ဆင်ထိုးကျေးရွာကို အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ် ၂ လုံး၊ ကား ၁ စီးအပါအဝင် ပြည်သူပိုင် ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က ကင်းထောက်လေယာဉ်တစ်စီးဖြင့် ၂ နာရီခန့်ပျံသန်းကင်း ထောက်ပြီးနောက် မွန်းလွဲ ၃ နာရီကျော်တွင် Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပြီး လှည့်ပတ် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး၊ ကားတစ်စီး၊ ဖုန်း ၄ လုံးအပါအဝင် အသုံးအဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးကာ လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

“ကင်းထောက်လေယာဉ်က အရင် ၂ နာရီလောက်လှည့်ပတ်ပျံပြီး လာပစ်သွားတာ၊ ဆင်ထိုးရွာ အရှေ့ဘက် လယ်ကွင်းပြင်မှာလဲ လက်နက်ကြီး အချက် ၃၀ ကျော်လောက်ပစ်သွားတယ်၊ ရွာထဲကို တော့ စက်သေနတ်နဲ့ တရစပ်ခတ်သွားတာ၊ နေအိမ်ခေါင်မိုးတွေပေါက်ကုန်တယ်၊ လူတွေကလဲ ပစ်ခတ် မယ်မထင်နေတော့ အဝေးကြီးမရှောင်လိုက်နိုင်ဘူး၊ ကံကောင်းလို့ လူတော့ထိခိုက်မှုမရှိခဲ့ပါဘူး” ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article