28 C
Yangon

ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြဝတီတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဆုတ်ထွက်​ပြေး

Must read

ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြဝတီတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ဆုတ်ထွက်​ပြေး

ရန်ကုန်၊ ဇွန် ၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ရွှေလေးတောင်ပေါ်ဒေသ၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုး ဝင် ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည် PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၅ ရက် နေ့လည် ၁၁ နာရီခန့်က ပဲခူးရိုးပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ထန်းကုန်းရွာနှင့် ကြို့ကုန်းကျေးရွာအရောက် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး အကြမ်းဖက်စစ်သားတစ်ဦး ထိမှန်ကာ နေရာမှာပင်သေဆုံးသွားပြီး အနီးအနားရှိ တောင်သူ တဲ ၃ လုံးကို မီးရှို့ဖျက်ဆီးဖျက်ဆီးကာ သေဆုံးစစ်သားအလောင်းကို ပုခက်ဖြင့် ထုတ်ကာ သိမ်ကုန်းရွာသို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပေါင်းတတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ တပ်ရင်းမှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ လုံခြုံရေး ယူထားသော နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလာသော အကြမ်းဖက်စစ်သားများ ကို ခုခံတိုက်ခိုက်ခဲ့ရာ အထိအခိုက်များစွာဖြင့် ပြန်ဆုတ်ပြေးသွားကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

ယနေ့ ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီခန့်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့မှ ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များစွာဖြင့် ပြန်ဆုတ်ပြေးသွားကြောင်း၊ ထိခိုက်မှုအရေအတွက် စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၅ ရက် ကလည်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ထိုးဖောက်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ ၄ နာရီခန့် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိအခိုက်များစွာဖြင့် ပြန်ဆုတ်ပြေးသွားကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article