27 C
Yangon

ကသာမြို့နယ်ရှိ ဒိုးပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို လု ယက် ဖျက်ဆီး

Must read

ကသာမြို့နယ်ရှိ ဒိုးပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို လု ယက် ဖျက်ဆီး

ရန်ကုန်၊ ဇွန် ၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဒိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာထဲ၌ တပ်စွဲထားသောကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က ကသာမြို့နယ်၊ ဒိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ၎င်းတို့ ယူဆောင်လာသည့် အမည်စာရင်း အတိုင်း တစ်အိမ်ဝင် တစ်အိမ်ထွက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ဘက်ရှိချိန်ထိ ကျေးရွာထဲမှ ပြန်လည် ထွက်ခွာခြင်း မရှိဘဲ တပ်စွဲထားသောကြောင့် လက်ရှိချိန်ထိ မီးငြိမ်းနိုင်ခြင်းမရှိသေးဘဲ မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။

” ဒိုးပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့နေတာပါ။ မွန်းလွဲ ၁၂ နာရီလောက်တည်းက မီးစရှို့ခံရတာ အခုထိ မီးမငြိမ်းသေးဘူး။ ဒလန်သတင်းပေးမှုကြောင့် အမည်စာရင်းနဲ့ လာရှို့တာ ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘူး။ ရွာထဲ မဝင်ရလို့ မသိရသေးဘူး။ စစ်ခွေးတွေက အင်အား ၇၀ ကျော်လို့သိရတယ်။ လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်တာ နွားတွေလည်း ထိမှန်သေတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့က မုံရွာမှ ကူးလာသာည့် အင်အား ၈၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာတွင် တစ်ညအိပ်တပ်စွဲကာ ဘုန်းကြီးကျောင်းရှိ အစားသောက်များကို အတင်း အဓမ္မ စားသောက်ခဲ့ကြောင်း၊ ဇွန် ၅ ရက်နေ့တွင် ယင်း စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ဝမ်းပေါင်အနီးရှိ ကျော်ရွာမှ အမျိုးသားတစ်ဦးကို ဓားစာခံအဖြစ်စတင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့ နံနက် အစောပိုင်းတွင် မိုးကြိုးပြင်မြောက်ရွာကို ဝင်ပြီး ဒေသခံ ပြည်သူ ၁၂ ဦးကို အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းစစ်ကြောင်းသည် ယင်းမာပင်နှင့် ဆားလင်းကြီးအစပ်ရှိ ကောင်းဆင့်ရွာကိုညအိပ်တပ်စွဲခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းဆင်ရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ရွာကို ရောက်ရှိနေကာ ပြန်သူပိုင် တရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ပြီး ညအိပ်တပ်စွဲလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဝင်ရောက် စီးနင်းခဲ့သည့် ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ဒိုးပင်ရွာနှင့် ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article