34 C
Yangon

ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ စစ်ကားတန်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ စစ်ကားတန်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၇

မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရိက္ခာပို့ရန်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ ကြိမ်မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန် ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်ခန့်က ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ ကားတန်းကို ၃ ကြိမ်မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာကားနှင့် စစ်ကားကို မိုင်းထိမှန်ခဲ့ပြီ ကားတစ်စီး ပျက်စီးခဲ့ကြောင်း၊ မိုင်းထိသော စစ်ကားပေါ်ရှိ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကားများ မိုင်းဆွဲခံရပြီးနောက် ရေလာလေးညောင်ဂျစ်ပင်ရွာမှ ပျူစောထီးများက လမ်းဘေးဝဲယာ မိုင်းရှင်း ရန်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းအတွင်းသို့ ရောက်ရှိ လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပျူစောထီး ၂ ဦးလွင့်စင်သွားပြီး ၃ ဦးပွဲချင်းပြီး သေဆုံးကာ အလောင်း ပင်ကောက်မရဘဲ တစ်ပိုင်းတစ်စီအိတ်ဖြင့်လိုက်ကောက်ယူဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ (KMDF)၊ မြိုင် – ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂-ဂဠုန် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article