28 C
Yangon

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ယနေ့ အသုဘချမည်ဖြစ်ပြီး နာရေးရက်လည်ကို ကျန်ရစ်သူမိသားစုနှင့် မဘသများက ဦးစီး၍ ဘင်္ဂလားကျောင်းတိုက်တွင် ပြုလုပ်မည်

Must read

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ယနေ့ အသုဘချမည်ဖြစ်ပြီး နာရေးရက်လည်ကို ကျန်ရစ်သူမိသားစုနှင့် မဘသများက ဦးစီး၍ ဘင်္ဂလားကျောင်းတိုက်တွင် ပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၈

ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ယနေ့ အသုဘချမည်ဖြစ်ပြီး ၎င်း၏ နာရေး ရက်လည်ကို ကျန်ရစ်သူမိသားစုနှင့် အစွန်းရောက် မဘသများက ဦးစီး၍ ဗဟန်းမြို့နယ်ရှိ ဘင်္ဂလား ကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် သေဆုံးခဲ့သော်လည်း စစ်ကောင်စီက အသက်ရှင်နေသည်ဟုဆိုကာ စစ်ဆေးရုံတွင် ဆေးဝါးကုသမှုများကို ဇွန်လ ၆ ရက်နေ့ အထိ လုပ်ဆောင်ခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် လီလီနိုင်ကျော် သေဆုံးခဲ့သည်ဟု မိသားစုက ကြေညာခဲ့ပြီး နာရေးသဂြိုလ်မှုကို ယနေ့ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်အချိန် မင်္ဂလာဒုံစစ်သင်္ချိုင်း၊ ငြိမ်းအေးဇရပ်တွင် ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

လီလီနိုင်ကျော်၏ ရက်လည် နာရေးကို ဇွန်လ ၁၂ ရက်နေ့ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရေခဲဆိုင်မှတ်တိုင် ဘင်္ဂလားကျောင်းတိုက်တွင် ကျန်ရစ်သူ မိသားစုနှင့် မဘသများ ဦးဆောင်၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဗဟန်းမြို့နယ်၊ ရေခဲဆိုင် မှတ်တိုင်ရှိ ဘင်္ဂလားကျောင်းတိုက်သည် မဘသနှင့် အမျိုးသားရေး အစွန်းရောက် အစည်းအဝေး လုပ်လေ့ရှိသည့် ကျောင်းတိုက်ဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် စစ်တပ်ထောက်ခံသော လှုပ်ရှားမှုနှင့် ဆန္ဒပြပွဲများအတွက် ယင်းကျောင်းတိုက်တွင် အစည်းအဝေး လုပ်လေ့ရှိခဲ့သည့်နေရာလည်းဖြစ်သည်။

ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် မဘသနှင့် အစွန်းရောက် အမျိုးသားရေး သမားများက လီလီနိုင်ကျော် ပစ်သတ်ခံရမှုကို လက်စားချေသည့် အနေဖြင့် လီလီနိုင်ကျော်ကို သတ်ဖြတ်သည်ဟု စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးမှု ခံနေရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article