38 C
Yangon

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် အမိန့် KNU ကထုတ်ပြန်

Must read

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် အမိန့် KNU ကထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၁

ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် သွားလာနေသော ပြည်သူများ လိုက်နာရန် အမိန့်တစ်ရပ်ကို KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်သော အမိန့်တွင် အချက် ၄ ချက်ပါဝင်ပြီး တပ်ဖွဲ့ဝင်များက စစ်ဆေးရန် ခေါ်ယူရပ်တန့်သည့်အခါ မော်တော်ယာဉ်ကို ကြည်ဖြူစွာ ရပ်တန့် ပေး၍ စစ်ဆေးခံရန် ၊ ယာဉ်များတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်၀တ္တုဖြစ်စေ၊ တင်ဆောင်ခြင်း လုံး၀ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းခြင်းမပြုရန် ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များ ကြည်ဖြူစွာ ရပ်တန့် အစစ်ဆေးခံကြရန် အမိန့်ထုတ်ပြန်သည်။

“အဓိက စစ်တပ်နဲ့ပတ်သက်တာတွေ မတင်ဖို့ပါ။ စစ်သားတွေ လက်နက်ပစ္စည်း ရိက္ခာတွေ မတင်ဖို့ တားမြစ်တာပါ။ တင်တာတွေ ရှိနေလို့ပါ” ဟု KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ မှ တော်လှန်ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွားပြည်သူများကို အကာအကွယ်၍ သွားလာနေသည့်အတွက် ထိုအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆ ၊ တပ်ရင်း အမှတ် ၂၇ ၏ အမိန့်တွင် တရားဝင် ကြေညာထားသည်။

အဆိုပါအမိန့်သည် ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင် စတင် အသက်ဝင်မည်ဖြစ်ပြီး တားမြစ်ထားသည့်အမိန့်ကို ဖောက်ဖျက်ပါက ဖောက်ဖျက်သူ၏ တာဝန်သာဖြစ် ကြောင်း တရားဝင် ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article