28 C
Yangon

လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်

Must read

လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်

■ ဗိုလ်မှူးဟောင်းရဲခိုင်ကို စစ်သင်္ချိုင်းတွင် ယနေ့ သဂြိုလ်မည်

ရန်ကုန်၊ ဇွန် ၂၁

ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲ လည်ပတ်နေသော အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ခံ Yangon Aerodrome Company Limited မှ လုပ်ငန်း ဒါရိုက်တာ လေတပ်ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရ ပြီး နောက် ယင်းကုမ္ပဏီတွင် တာဝန် ထမ်းနေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင် ကိုင်ဆောင်ကြမည်ဖြစ်ကြောင်း အေးရှားဝေါလ်နှင့်နီးစပ်သော သတင်း ရပ်ကွက်ထံမှ သိရှိရသည်။

စစ်ကောင်စီနှင့်တွဲဖက်၍ လုပ်ငန်း ဆောင်ရွက် နေသော Yangon Aerodrome Company Limited မှ လုပ်ငန်းဒါရိုက်တာ လေတပ် ဗိုလ်မှူး ဟောင်း ရဲခိုင်သည် ဇွန်လ ၁၉ ရက်နေ့ ည ၇ နာရီဝန်း ကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ် ၁ ရှိ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွား ခဲ့ကြောင်း၊ ယင်းသို့ သေဆုံး သွားပြီးနောက် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ ဆိပ်ကမ်း၊ လေဆိပ်နှင့် အခြားစီးပွား ရေးဌာနခွဲများတွင် လုပ်ကိုင်နေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ကြရန် အစည်းအဝေးခေါ် သဘောတူခဲ့ကြကြောင်း သိရှိရသည်။

” ဦးရဲခိုင် အပစ်ခံလိုက်ရတော့ အေးရှားဝေါလ်လက်အောက်မှာရှိတဲ့ အခြားစီးပွားရေး ဌာနတွေ အားလုံးမှာ လုပ်နေကြတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေ ဝန်ထမ်းတွေက လက်နက် ကိုင်ဆောင် ကြဖို့ ဆုံးဖြတ်ကြတယ်။ အဓိက ပစ္စတိုတွေ ကိုင်ကြမယ်ပေါ့။ အဲဒါကိုလည်း ကုမ္ပဏီဘက်က တရားဝင် လျှောက်ထားပေးမယ်။ လက်နက်ဝယ်တာကအစ ပြည်ထဲရေးဝန်ကြီးဌာနဆီ လိုင်စင်လျှောက်တာ အဆုံး ကုမ္ပဏီဘက်က တာဝန်ယူမယ့်သဘောမျိုး ပြန်သိရတယ်။ ကုမ္ပဏီဘက်က တာဝန်မယူရင်လည်း စစ်မှုထမ်း ဟောင်း ဝန်ထမ်းတွေက သူတို့ဟာသူတို့ လက်နက်ကိုင်ကြဖို့ သဘောထားရှိကြတယ်” ဟု အေးရှားဝေါလ်ကုမ္ပဏီနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်များ တရားဝင် လိုင်စင်ဖြင့် ကိုင်ဆောင်နိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် အမိန့် ညွှန်ကြာ းချက် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ရာ စစ်တပ်နှင့်ပတ်သက်သော မဘသနှင့် အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှုထမ်းဟောင်းများ လက်နက်များကိုင် ဆောင် ထား ကြပြီဖြစ်သည်။

အေးရှားဝေါလ်မှ ရန်ကုန်လေဆိပ် စီမံခန့်ခွဲရေး ဒါရိုက်တာ ဗိုလ်မှူးဟောင်း ရဲခိုင်သည် လုပ်ကြံ ခံရမည်ကိုစိုးရိမ်၍ ရှောင်တိမ်းနေရာမှ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာနေအိမ်သို့ ပြန်လည် ရောက်ရှိနေထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ၎င်း၏ အသုဘကို မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်သော အေးရှား ဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏သား ထွန်းမြင့်နိုင်(ခ) စတီဗင်လောက ပိုင်ဆိုင်ပြီး ၎င်းသည် စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားရေး လုပ်ငန်းများကို အကြီးအကျယ် လုပ် ကိုင် နေသော စစ်တပ်စီးပွားရေး မိတ်ဖက်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article