34 C
Yangon

ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ဆိပ်ကမ်းရှိ စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်တပ်က ၆၀ မမဖြင့် ပြန်လည် ပစ်ခတ်စဥ် လက်နက်ကြီးပြောင်းကွဲပြီး စစ်သားများ သေဆုံးနိုင်

Must read

ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ဆိပ်ကမ်းရှိ စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်တပ်က ၆၀ မမဖြင့် ပြန်လည် ပစ်ခတ်စဥ် လက်နက်ကြီးပြောင်းကွဲပြီး စစ်သားများ သေဆုံးနိုင်

ရန်ကုန်၊ ဇူလိုင် ၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျွန်မးကြားကျေးရွာအနီးရှိချင်းတွင်းမြစ်ဆိပ်ကမ်းတစ်ခု၌ ကင်းပုန်းဝပ် နေသော အကြမ်းဖက် စစ်သားများကို စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger –MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂ ရက် ညနေ ၅ နာရီခန့်က ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ဘေးရှိ ကျွန်းမကြားရွာ ဆိပ်ကမ်း၌ အင်အား ၄၀ ခန့်ဖြင့် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် အဝေးမှ သွားရောက်ပစ်ခတ် တိုက်ခိုက်စဉ် အကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတိ ယမြောက် ပစ်ခတ်မှု၌ လက်နက်ကြီးပြောင်းကွဲသွားကာ ပစ်ခတ်သော အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“စနိုက်ပါနဲ့ ကျနော်တို့ ရဲဘော်တွေလှည့်ပတ်ပစ်ကြတာ၊ ၆၀ မမနဲ့ ပြန်ပစ်တဲ့အချိန် ပထမ တစ်ချက်က ကျနော်တို့ ရဲဘော်တွေရဲ့နောက်မှာ ကျတယ်၊ ဒုတိယတစ်ချက် ထပ်ပစ်တဲ့အချိန်မှာ သူတို့ ပြောင်းကွဲ သွားတာ၊ ပစ်ခတ်တဲ့ကောင်ကတော့ သေဖို့ ၉၅ ရာခိုင်နှုန်းလောက်သေချာတယ်၊ ကျန်တဲ့သူတွေကတော့ ထိခိုက်မှုရှိတယ်၊ ရေစကြိုမြို့ကနေ ကားနဲ့လာသယ်သွားတယ်၊ ရေစကြိုဆေးရုံမှာ ဆေးကုနေတယ်လို့ သိရတယ်၊ သေဆုံးမှုကတော့ စုံစမ်းလို့မရသေးဘူး” ဟု Myingyan Black Tiger –MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger –MBT ၊ Uran Under Ground Revolution Force (YSO) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article