28 C
Yangon

KNU မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ ရွာ ၃ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

KNU မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ ရွာ ၃ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂

KNU မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး၊ နွားတဲ ၁ လုံး နှင့် မြက်ရိတ်စက် ၁ လုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း ကျေးရွာမှ တစ်ဆင့် ဝင်ရောက်လာကာ ဒေသပြည်သူများကို လက်နက်ကြီး ၃၂ လုံးအပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၂ နှစ်အရွယ် စောစိုးမိုးခိုင်နှင့် အသက် ၃၀ အရွယ် စောခါဒူတို့ ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိပြီး ရေတွင်းကုန်းနှင့် ဥသျှစ်ကုန်း ရွာအတွင်းရှိ လူနေအိမ် ၄ လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ် အတွင်းရှိ ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့မှ ပြည်သူ ၁၄၅၆ ဦး ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article