28 C
Yangon

ပခုက္ကူမြို့နယ်၊ ကြံ့ဖွတ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆွေလင်း ပစ်ခတ်ခံရပြီး သေဆုံး၊ မင်းလှနှင့်ပေါက်ခေါင်းတို့တွင် အုပ်ချုပ်ရေး၊ ရာအိမ်မှူး စုစုပေါင်း ၄ ဦး အသတ်ခံရ

Must read

ပခုက္ကူမြို့နယ်၊ ကြံ့ဖွတ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆွေလင်း ပစ်ခတ်ခံရပြီး သေဆုံး၊ မင်းလှနှင့်ပေါက်ခေါင်းတို့တွင် အုပ်ချုပ်ရေး၊ ရာအိမ်မှူး စုစုပေါင်း ၄ ဦး အသတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကြံ့ဖွတ်ပါတီ၏ မြို့နယ်အတွင်းရေးမှူးလည်းဖြစ်၊ လွှတ်တော် ကိုယ်စား လှယ်လောင်းလည်း ဖြစ်သူ ဆွေလင်းသည် ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ပခုက္ကူရဲသတင်းရင်းမြစ်ထံမှ သိရှိရ သည်။

ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းအစောပိုင်းတွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် ၅ ရပ်ကွက်တွင်နေထိုင်သူ ပခုက္ကူမြို့နယ် ကြံ့ဖွတ်ပါတီ၏ အတွင်း ရေးမှူးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဆွေလင်း ကို လူ ၄ ဦးက လာရောက် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ယင်းနောက် နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင် ပခုက္ကူမြို့နယ်၊ ကုန်းသစ်ကန်ကျေးရွာအနီး ပခုက္ကူ-မြိုင်ကားလမ်းတွင် ဆွေလင်းအလောင်းကို ပြန်လည်တွေ့ရှိရခြင်း ဖြစ် ကြောင်း သိရှိရသည်။

“မနက် ၇ နာရီလောက်မှာ ကိုဆွေလင်းကို လူ ၄ ဦးက လာခေါ်သွားတယ်။ မနက် ၈ နာရီခွဲလောက်မှာ သူ့အလောင်းကို ပခုက္ကူ-မြိုင် ကားလမ်းမှာ ပြန်တွေ့တာ။ သူက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၊ ပြည်ခိုင် ဖြိုးပါတီကို ကိုယ်စားပြုပြီး ၂၀၂၀ မှာ ဝင်ပြိုင်တာ။ ရှုံးပါတယ်။ သူ့အလောင်း ကိုတော့ တပ်နဲ့ရဲတွေ ပြန်သယ်ပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်” ဟု ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်က ပြောသည်။

အလားတူ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး သန်းဝင်းနှင့် လွှစင်ရွာမှ ရာအိမ်မှူး ဝင်းဇော်တို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သိရှိရသည်။

“ဦးသန်းဝင်းက စက်တုံးရွာနဲ့ မင်းလမ်းရွာအကြား မြေနီလမ်းမှာ အသတ်ခံရတာ။ ဦးဝင်းဇော်က ပဲခူရိုးမ အစပ်နားမှာ။ အဲဒါဖြစ်ပြီးတော့ ရွာဘက်တွေမှာ စစ်တပ်တွေ လာပြီး အခြေချမယ်ပြောတယ်။ PDF က သတ်တယ်ဆိုပြီး တပ်ကတော့ ရွာတွေကို ကြိမ်းသွားတယ်” ဟု ကြို့ပင်ကျေးရွာသား တစ်ဦးက ဆိုသည်။

ထို့အတူ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန် မင်းလှမြို့နယ်၊ သပြေ စမ်းကျေးရွာအနီးတွင် ခွက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှမြင့်နှင့် စရစ်မြှောင် ကျေးရွာ ရာအိမ်မှူး မြင့်ဌေးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ၎င်းတို့နှစ်ဦးသည် မြို့ပေါ် တက်၍ ထွေ/အုပ်ရုံးကို သွားရောက်စဉ် ပစ်ခတ်ခံရ ပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသူ ပခုက္ကူမြို့နယ် ကြံ့ဖွတ်ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆွေလင်း၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ် ပိုစတာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article