28 C
Yangon

မြင်းမူမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်၊ ဘုတလင်မြို့တွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး လောင်ချာ ၁ လက်နှင့် သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

မြင်းမူမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကျဲ တိုက် ခိုက်၊ ဘုတလင်မြို့တွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး လောင်ချာ ၁ လက်နှင့် သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့်ထွေ/အုပ်ရုံးကို မောင်းသူမဲ့ လေယာဉ် ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဇူလိုင်လ ၂ ရက် နေ့တွင် မြင်းမူမြို့မရဲစခန်းကို ဗုံးသီး ၂ လုံး၊ အထွေထွေ အုပ် ချုပ်ရေးမှူးရုံးကို ဗုံးသီး ၂ လုံးကို Sharr Do War နည်းပညာ မောင်းသူမဲ့ လေ ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ထိခိုက် သေ ဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရဲစခန်း ၂ လုံး၊ ထွေအုပ်ရုံးကို ၂ လုံးချခဲ့တာ၊ လမ်းတွေ ပိတ်လိုက်မှာစိုးလို့ ပြီးတာနဲ့ တန်းပြန်လာခဲ့တာ၊ အထိအခိုက်စာရင်းမသိရသေးဘူး၊ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့လို့ ပထမ တစ်ကြိမ်တာ ပစ်ခတ်နိုင် တယ်၊ ဒုတိယတစ်ကြိမ် မှာတော့ အော်သံတောင်မကြားရဘူး” ဟု CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း ၀၀၁ အဖွဲ့၊ Myinmu Civil Revolution Force၊ စစ်ကိုင်း ခရိုင် ပလဖ (အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့)၊ မြင်းမူ ပကဖ၊ မြင်းမူ ကိုလမ်းဗိုလ် နှင့်အဖွဲ့တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ဘုတလင် မြို့ရှိ ကြောင်ပန်းတောရစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဘုတလင် ပြည်သူ ကာကွယ်ရေးအဖွဲ့ပေါင်းစုံက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ဘက်မှ စစ်သား ၃ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးခေါင်းဆောင်တချို့ထံမှ သိရှိရသည်။

တိုက်ပွဲသည် ယနေ့ နံနက် ၄ နာရီ ၅၀ မိနစ်မှ နံနက် ၅ နာရီအထိ တိုက်ပွဲ ဖြစ် ပွား ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသွားသော စစ်သား ၃ ဦးထံမှ လက်နက် ၃ လက်ရရှိခဲ့ကြောင်း သိရှိရသည်။

“မြို့တောင် အထွက်ဂိတ်လို့လည်းပြောလို့ရတယ်။ ကြောင်ပန်းတောရ စစ်ဆေး ရေး ဂိတ်လို့လည်းပြောလို့ရတယ်။ စစ်ခွေး ၃ကောင်အသေရခဲ့ သလို G-3 သေ နတ် ၂ လက်နှင့် ၄၀ မမ လောင်ချာ ၁ လက်ရခဲ့တယ်။ လက်နက်ရတာ က တော့ ဒီထက်လည်းပိုနိုင်သေးတယ်” ဟု ဘုတလင်ဒေသ ကာကွယ်ရေး ခေါင်း ဆောင် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article