38 C
Yangon

“ဘယ်ဒရုန်းမှ လာလို့ မရစေရဘူး”ဟု ကြွေးကြော်နေသည့် ခလရ-၂၈၃ တပ်ရင်းဌာနချုပ် အပါအဝင် ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်စွဲနေရာများကို KNLA/ SOF နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

“ဘယ်ဒရုန်းမှ လာလို့ မရစေရဘူး”ဟု ကြွေးကြော်နေသည့် ခလရ-၂၈၃ တပ်ရင်းဌာနချုပ် အပါအဝင် ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်စွဲနေရာများကို KNLA/ SOF နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွါး စစ်စခန်း၊ အဘစ် စစ်ဆေးရေးဂိတ်၊ ခလယ် တံခွန်တိုင် ရဲစခန်းတို့ အပါအဝင် အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ အများအပြားကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ဇွန်လ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တပတ်တာအတွင်း ဒရုန်းများဖြင့် နေ့စဉ် ဗုံးမိုးရွာချ တိုက်ခိုက်ခဲ့ခြင်း ကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ကရင် အမျိုးသာလွတ်မြောက် ရေး တပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ခလရ ၂၈၃ တပ်ရင်းဌာနချုပ် အပါအဝင် ကြာအင်းဆိပ်ကြီးထဲက စစ်ကောင်စီ စခန်းတွေမှာ ဒရုန်းတွေ မလာနိုင်အောင် ဂျန်ပါ သေချာ တပ်ဆင်ထားတယ် ဆိုပြီး ဒီကောင်တွေ လေကြီးနေတာ။ ဘယ်ဒရုန်းမှ လာလို့မရစေရဘူးလို့ သူတို့ ကြွေးကြော်ထားလို့ ကျနော်တို့ ဇွန် ၂၉ ရက်နေ့ကနေစပြီး နေ့တိုင်း ဒရုန်းနဲ့ ဗုံးမိုးရွာပေးလိုက်တယ်။ ဒီကောင်တွေ တော်တော်တော့ လန့်သွားတယ်၊ အသံကို မထွက်တော့ဘူး”ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ပြောသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ၈၁ မမ ဗုံးသီး၊ ၆၀ မမဗုံးသီး အစစ် ၅၀ ကျော် အပါ အဝင် လက်လုပ်ဗုံးသီး များစွာ ကိုပါ အသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း အကြိမ်ပေါင်း ၂၀ ကျော် တိုက်ခိုက်နိုင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ဆက်လက်ပြောဆိုသည်။

ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၂၈၃ တပ်ရင်းဌာနချုပ်အတွင်းရှိ အဆောက်အအုံများ အပါအဝင် ကြာအင်းဆိပ် ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ အခြေပြုတပ်စွဲရာ အဆောက် အအုံများ ကြေမွပျက်စီးခဲ့ကြောင်း၊ အမြှောက်တပ် အမတ-၃၁၈ မှ စစ်ဗိုလ် ၁ ဦးနဲ့ စစ်သား ၁ ဦး သေဆုံးကာ စစ်သား ၅ ဦးထက် မနည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက် ကြီး များဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာတွေ ထဲကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး KNLA၊ SOF နဲ့ Cloud Wings ပူးပေါင်း တပ်ဖွဲ့တွေဘက်မှ လူ၊ ပစ္စည်း ထိခိုက် ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် အပါအဝင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်ပါးစေ ဝန်ထမ်းတွေအနေဖြင့် ဒေသခံ ပြည်သူတွေအပေါ် ဥပဒေမဲ့ ဖိနှိပ်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို မလုပ်နိုင် တော့ သည်အထိ စစ်အာဏာရှင်တွေကို အမြစ်ဖြတ် ချေမှုန်းသွား မည်ဖြစ် ကြောင်း KNLA/ SOF နဲ့ Cloud Wings ဒရုန်းပူးပေါင်းတပ်များက အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article