33 C
Yangon

နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်မှ ဆရာတော် ဦးဣဿရိယ(ဦးဇင်းဂျောင်းဂျောင်း)

Must read

အခုတော့ သူတို့ဘာသာသူတို့ စေတီတည်၊ သူတို့ဘာသာသူတို့ ရေစက်ချ၊အလှူရှင်ရှာ သူတို့ဘာသာသူတို့ သာသနာပြုမင်းဆိုပြီး လျှောက်ပြောတာက သာသနာပြုတာမဟုတ်ဘူး။ သာသနာပြုတယ်ဆိုတာ ကိုယ်ချင်း စာတရားလည်းရှိရမယ်၊ ဓမ္မနဲ့အဓမ္မကို ခွာခြားသိရဖို့ ကုသိုလ်နဲ့အကုသိုလ်ကို ခွဲခြားသိဖို့ သွန်သင်ပြတာ ကသာ သာသနာပြုတာလို့ ခေါ်တယ်။”

နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်မှ ဆရာတော် ဦးဣဿရိယ(ဦးဇင်းဂျောင်းဂျောင်း)

By လွတ်မြောက်ရာ

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့စစ်အုပ်စုဟာ သူတို့သာလျှင် သာသနာပြုတဲ့သူတွေဖြစ်တယ်။ သာသနာကိုစောင့်ရှောက်တဲ့သူတွေဖြစ်တယ်လို့ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ အမျိုးဘာသာသနာစောင့်ရှောက်တယ်ဆိုပြီး လူမျိုးရေးဘာသာရေးအဓိကရုန်း ပြုလုပ်တာဟာလည်း စစ်အုပ်စုနဲ့စစ်တပ်ထောက်ခံသူ အစွန်းရောက်အုပ်စုတွေသာ ဖြစ်တယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်။

အခုလည်း နိုင်ငံအနှံ့က ဘုရား စေတီပုထိုးဖျက်ဆီးမီးရှို့တာ ဘုရားအလှူငွေခိုးယူ လုယက်တဲ့သူတွေ ဟာလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ကသူတွေပဲ ဖြစ်တယ်လို့ဆိုတာငြင်းမရပါဘူး။

အဲဒီလို စစ်ခေါင်းဆောင်တွေရဲ့ သာသနာကို အရေခြုံကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက်မှ ဆရာတော် ဦးဣဿရိယ (ဦးဇင်းဂျောင်းဂျောင်း) မိန့်ကြားထားတာကို ပြန်လည်တင်ဆက်လိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article