28 C
Yangon

Breaking News- ဝက်လက်တွင် စစ်တပ်က သမာရိုးရွာသို့ ဝင်ရောက်ပြီး စျေးရောင်းထွက်ကြသည့် ပြည်သူ ၇ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်၊ ရွာသူရွာသား ၆ ဦးဒဏ်ရာရ

Must read

Breaking News- ဝက်လက်တွင် စစ်တပ်က သမာရိုးရွာသို့ ဝင်ရောက်ပြီး စျေးရောင်းထွက်ကြသည့် ပြည်သူ ၇ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်၊ ရွာသူရွာသား ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးကျေးရွာမှ ရွှေပန်းကုန်းကျေးရွာသို့ ဟင်းသီးဟင်းရွက်ရောင်းရန်ထွက်လာသော ထော်လာဂျီကားပေါ်မှ စျေးသည် ပြည်သူ ၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် သမာရိုးကျကျေးရွာမှ အခြားကျေးရွာများသို့ စျေးရောင်းထွက်ကြသည့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးကို စစ်တပ်က တားဆီး၍ ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ ယင်းနောက် သမရိုးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သောကြောင့်ရွာသူရွာသား ၆ ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ ပစ်သတ်မှုကြောင့် သေဆုံးရသူ စျေးသည် ပြည်သူ ၇ ဦးမှာ

၁။ ဦးသိန်းလှိုင်၊ အသက် ၆၂ နှစ် (ဘ) ဦးဗျော်၊ သမ္မာရိုးကျေးရွာ

၂။ ဦးဖိုးလွင် အသက် ၅၅ နှစ် (ဘ) ဦးသိန်းဆောင်၊ သမားရိုးကျေးရွာ

၃။ ကိုလွင်မိုး အသက် ၂၇ နှစ် (ဘ) ဦးစိုးနိုင်၊ သမ္မာရိုးကျေးရွာ

၄။ ဒေါ်နှင်းလှိုင် အသက် ၅၇ နှစ် (ဘ) ဦးညိုဌေး၊ သမ္မာရိုး

၅။ ဒေါ်ပွေလီ အသက် ၄၆ နှစ် (ဘ) ဦးသိန်းဝင်း၊ သမ္မာရိုး

၆။ မအေးနုဝင်း အသက် ၄၀ နှစ် (ဘ) ဦးရှန်ဝင်း၊ သမ္မာရိုး

၇။ မဖြူဖြူစန်း အသက် ၃၀ နှစ် (ဘ) ဦးသန်းအောင်၊ ကူးတို့ကိုင်းကျေးရွာ တို့မှဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ ၇ ဦးကို ပစ်သတ်ပြီး သမားရိုးကျေးရွာကို ပစ်ခတ်သွားခဲ့သော စစ်တပ်က အရာတော်မြို့နယ်၊ ကူးတိုးကိုင်းရွာသို့‌ ရောက်ကာ ကူးတိုးကိုင်းရွာရှိ ပြည်သူ့နေအိမ် ၁လုံးကို မီးရှို့ခဲ့ကြောင်း၊ ယင်းနောက် ဆက်လက်စစ်ကြောင်းထိုးကာ မကျီးစောက်ရွာ အနောက်ဘက်မှ နေ၍ လက်နက်ကြီးများဖြင့် ငါးရဟိုးရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article