32 C
Yangon

ဖရူဆိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁ လုံး မီးလောင် ပျက်စီး

Must read

ဖရူဆိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁ လုံး မီးလောင် ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၇

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း The Voice Of Karenni မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဖရူဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

” ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ စစ်တပ်က ဗုံးကျဲလို့ နေအိမ် ၁ လုံး မီးလောင်ပြာကျသွားတယ်” ဟု The Voice Of Karenni မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article