29 C
Yangon

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုဘိုဘိုဝင်း၊ ကိုဇီလောင်း တို့ကို ထောင်ပြောင်းမည်ဟုဆိုပြီး အပြင်ခေါ်ထုတ်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်

Must read

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုဘိုဘိုဝင်း၊ ကိုဇီလောင်း တို့ကို ထောင်ပြောင်းမည်ဟုဆိုပြီး အပြင်ခေါ်ထုတ်ကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်

■ အကျဉ်းထောင်မှ အပြင်ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ကိုမင်းဘုန်းမဟာ သတင်းပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၈

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေး အကျဉ်းသား ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုအောင်မျိုးသူ၊ ကိုဂျာ ကြီး၊ ထန်းတောကြီး ကိုဘိုဘိုဝင်း၊ ကိုဇီလောင်း တို့ကို ထောင်ပြောင်း မည်ဟု ဆိုကာ အပြင်ခေါ်ထုတ်ပြီး စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း နိုင်ငံ ရေး အကျဉ်းသားများကို ကူညီပေးသူတချို့ထံမှ သိရှိရသည်။

မေလ ၂၇ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်တွင် အကြမ်းဖက်မှု၊ လက်နက် ကိုင်ဆောင်မှု အပါအဝင် ပုဒ်များစွာဖြင့် စစ်ကောင်စီက မတရားစွပ်စွဲ ထောင် ဒဏ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး ၊ ထန်းတောကြီးကိုဘိုဘိုဝင်း၊ ကိုဇီလောင်း၊ ကိုမင်းဘုန်းမဟာတို့ကို ထောင်ပြောင်းမည်ဟု ခေါ်ထုတ် သွားကြောင်း၊ ယင်းနောက် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို အချုပ်ကားဖြင့် ခေါ်ဆောင်သွားပြီး လမ်းခုလတ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ကိုခန့်လင်းနိုင်အပါအဝင် နိုင်/ကျဉ်းတွေကို ကျိုက်စကော ထောင် ကနေ သာယာ၀တီထောင်ရွှေ့မယ် ဆိုပြီး လမ်းမှာ ပစ်သတ်လိုက်ပါတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာ ထောင်ကနေ မိသားစုထံကို စာပို့လာပါတယ်။ စာထဲမှာ ရေးထား တာ က လမ်းခုလတ်မှာ ကားတိမ်းမှောက်မလိုဖြစ်တဲ့ချိန် ထွက်ပြေး မှာ စိုးလို့ ခြောက်လှန့် ပစ်ခတ်ရာက နေ လက်လွန်သွားပါတယ် ဆိုပြီး ရေးသားထား ပါတယ်။ ကျိုက်စကောထောင်ကနေ ထောင်ရွှေ့မယ်ဆိုပြီး နိုင်/ကျဉ်း ၆ ဦးကို ထုတ်သွားတာပါ။ အားလုံး နိုင်ငံရေးအကျဉ်းသားတွေချည်းပဲ။ နိုင်/ကျဉ်းတွေ ပါ။ ပုဒ်မတွေက အကြမ်ဖက် ၅၀ (ဂ) ၅၀(ည)၊ လက်နက်မှုတွေနဲ့ ဖမ်းဆီး ထောင်ချထားခံရတဲ့သူတွေ။ မနေ့ကမှ ထောင်က စာပို့တာပါ။ မိသားစု တွေက တော့ ဒီနေ့ ထောင်ကိုလိုက်သွားကြပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသူက ပြောသည်။

ဒိုက်ဦးအကျဉ်းထောင်မှ ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသား ၆ ဦး အနက်မှ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ နိုင်ငံရေးအကျဉ်းသား ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ထန်းတောကြီး ကိုဘိုဘိုဝင်း၊ ကိုဇီလောင်းတို့မှာ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ပြီး ကိုမင်းဘုန်းမဟာနှင့်ပတ်သက်၍မူ ထောင်က တစ်စုံတစ်ရာ အကြောင်းခြင်းမရှိဘဲ သတင်းအစအန ပျောက်ဆုံးနေကြောင်း သိရှိရသည်။

တောင်ငူထောင်တွင် မေလ ၁၈ ရက်နေ့ နိုင်ငံရေး အကျဉ်းသား ၁၀ ဦးက အကျဉ်း ထောင် အတွင်း လုံခြုံရေးအစောင့်များထံမှ လက်နက်များ လုယူ ပစ်ခတ် ထွက်ပြေး လွတ်မြောက်သွားသည့်ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်တချို့ သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုဖြစ်စဉ်အတွက် လက်တုံ့ပြန် သည့် အနေဖြင့် စစ်တပ်က အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသားများ ကို အပြင်ခေါ်ထုတ် သတ်ဖြတ်မှုများ တောက်လျှောက်ဆိုသလို ဖြစ်ပွားခဲ့ ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရပ်ကွက်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ဒိုက်ဦးအကျဉ်းထောင်မှ အပြင်ခေါ် ထုတ်သတ်ဖြတ်ခံရသည့် ပဲခူးခရိုင် ဗကသဒုဥက္ကဌ ကိုခန့်လင်းနိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article