28 C
Yangon

တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်မှု ဝါရာဇွပ်ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ညီဇော်ရှိန်း အပါအဝင် ၁၅ ဦးသေဆုံး၊ KIA ဘက်မှ ၃ ဦးကျဆုံး

Must read

တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်မှု ဝါရာဇွပ်ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ညီဇော်ရှိန်း အပါအဝင် ၁၅ ဦးသေဆုံး၊ KIA ဘက်မှ ၃ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိအကြမ်းဖက်စစ်တပ်လက်အောက်ခံ ဦးမင်းဇေသန့် ဦးဆောင်သော ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဝါရာဇွပ်ပြည်သူ့စစ်၏ဒုတိယစစ်ဦးစီး ချုပ် ဦးညီဇော်ရှိန်း ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KIA တပ်ဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၈ ရက် နံနက် ၄ နာရီခန့်က အဆိုပါ ပြည်သူ့စစ်စခန်း ၃ ခုအား ကချင်လွန်မြောက်ရေး တပ်မတော် KIA တပ်မဟာ ၂ ၊ အမှတ် ၁၄ တပ်ရင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့်၏ ညီ အရင်း၊ အဏာသိမ်းအကြမ်းဖက်အဖွဲ့လက်အောက်ခံဒူးလေးပါတီ၏ လက်နက်ကိုင်အဖွဲ့ ဦးရွှေမင်း၏ သမက်ဖြစ်သူ ဦးညီဇော်ရှိန်း ဝါရာဇွပ်ပြည်သူ့စစ်၏ဒုတိယစစ်ဦးစီးချုပ် အပါအဝင် ၁၅ ဦး ပွဲ ချင်းပြီးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဝါရာဇွပ်ပြည်သူ့စစ် ခေါင်းဆောင်ဖြစ်သော မင်းဇေ သန့် လည်းထိခိုက်ဒဏ်ရာရ၍တပ် စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၉၇ တပ်ရင်းများနှင့် မင်းဇေသန့်၏ လက် နက်ကြီးအဖွဲ့မှ ပြည်သူလူထုနေထိုင်ရာ ရှထူးဇွပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဘုရားကျောင်းအပါအဝင် ပြည်သူ့နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။

နှစ်ဖက်တိုက်ပွဲအတွင်း KIA ဘက်မှ တော်လှန်ရေးရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတချို့လည်းရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article