38 C
Yangon

ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ်၊ ရေမြက်ရွာဝန်းကျင်ကို ယနေ့နံနက်ပိုင်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ‌လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ‌ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၂ မိနစ်အချိန် ရေဦးမြို့နယ်၊ ရေမြက်ရွာကို ယနေ့နံနက် ၁၀နာရီ ၂မိနစ်အချိန် စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တိုက်လေယာဉ်တစ်စီးက ‌လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ‌ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲသံကြီးတွေ ၃ချက် ဆက်တိုက်ကြားလိုက်ရတာ။ ၇မိုင်လောက်က အထိကို အကျယ်ကြီးကြားရတယ်။ အခုထိလည်း လေယာဉ်ဝဲနေတုန်းပဲ ဥယျာဥ်ရေမြတ်ကျေးရွာက စာသင်ကျောင်း အနီးလို့ ကနဦး သိရပြီး အထိအခိုက်မသိရသေးဘူး။ စိတ်ပူနေတာက ကျောင်းဖွင့်ချိန်ကြီးဖြစ်နေတယ်။ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ရေမြက်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေခြင်းဖြစ်ပြီး မြေပြင်ပျက်စီးမှုအခြေအနေကို အတည်ပြု၍ မရနိုင်သေးပေ။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၂၀ရက်ကလည်း ရေဦးမြို့နယ်၊ ရေမြက်ရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ၆ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article