36 C
Yangon

ရေးဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်မြို့ မြို့မရဲစခန်းဝင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေးဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်မြို့ မြို့မရဲစခန်းဝင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း အမှတ် ၁၄ YEU PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၁၄ YEU PDF က ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး ထိခိုက် ဒဏ်ရာရရှိပြီး စစ်သားများ သေဆုံးမှုကို စာရင်းကို အတည် မပြုနိုင်သေးကြောင်း သိရှိရသည်။

ထို့ပြင် တန့်ဆည်မြို့ မြို့မ ရဲစခန်းဝင်းကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၁၄ YEU PDF မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့မရဲစခန်းဝင်းအတွင်း ဝပ်ကျင်းပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၁၄ YEU PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article