36 C
Yangon

ရေစကြိုမြို့နယ်၊ ဟင်္သာရွာမတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား အများ အပြားသေဆုံး

Must read

ရေစကြိုမြို့နယ်၊ ဟင်္သာရွာမတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား အများ အပြားသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာမတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား သေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၅ နာရီခန့်အချိန် ဟင်္သာရွာမရှိ အကြမ်းဖက်စစ်တပ်၊ ပျူစောထီးစခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်အထိ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်အရာရှိ နေထိုင်ရာ အဆောက်အအုံကို RPG ဖြင့် ပစ်ခတ်ဖြိုချခဲ့ပြီး ယင်း အဆောက်အအုံအတွင်းရှိ အကြမ်းဖက်စစ်သား အားလုံးသေဆုံးခဲ့ကြောင်း၊ စခန်းအပြင်ဘက်ရှိ အ ကြမ်းဖက်စစ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသော်လည်း RPG မှာ ပြောင်း ကွဲသွား သဖြင့် ဘန်ကာကို ဖြိုခွင်းနိုင်ခြင်းမရှိတော့ဘဲ စခန်းသိမ်းနိုင်ရန် လက်တစ်ကမ်းအလို ပြန်လည်ဆုတ်ခွာခဲ့ရ ခြင်းဖြစ် ကြောင်းသိရသည်။

“စခန်းရဲ့ဝါးတစ်ပြန်လောက် အထိရောက်ခဲ့တယ်၊ ဗိုလ်တွေနေတဲ့အဆောက်အအုံရှိတယ်၊ အဲဒီထဲမှာ ၆၀ မမ တွေလည်းထားတယ်၊ အဲဒီအဆောက်အအုံကို RPG ထဲထုပြီးဖြိုခွဲနိုင်ခဲ့တယ်၊ အဆောက်အအုံပြိုခဲ့တယ်၊ နောက်ထပ်လူတွေကို ဆက်ပြီးတော့ တိုက်နေတုန်းပဲ၊ ဒါပေမယ့် RPG က ပစ်လို့မရတော့ဘူး၊ RPG ပြောင်းကွဲသွားလို့၊ အဲဒါကြောင့် ကျန်တဲ့သူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်တယ်၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်၊ ၄၀ မမ တွေနဲ့တွေနဲ့ပစ်တယ်၊ သူတို့ဘက်ကလည်းကျနော်တို့ အပြန်အလှန်ပစ်တယ်၊ ကျနော် တို့မိုးလင်းသွားတယ်၊ ဘယ်လိုမှ ဆက်တက်လို့မရတော့ဘူး၊ ဘန်ကာကို ဖြိုဖို့ကျတော့လည်း RPG က ဆက် ပစ်လို့မရတဲ့အနေအထားဖြစ်သွားတာပေါ့၊ သေဆုံးတဲ့ဟာကတော့ တိုက်ထဲမှာ ရှိတဲ့သူတွေအကုန် သေတယ်၊ ဒါပေမယ့် ဘယ်နှစ်ယောက်သေတယ်ဆိုတာ မသိရဘူး၊ ကျန်နေတာက အပြင်ဘက်မှာရှိတဲ့ ကောင်တွေပဲ၊ ရွာမှာရှိတဲ့ သူတွေ၊ စစ်ခွေးတွေရဲ့မိန်းမတွေပါထိခိုက်တယ်လို့ သိရတယ်၊ စုံစမ်းလို့မရဘူး၊ စုံစမ်းလို့မရတာက သူတို့ဘက်ကခွေးတွေလဲ စခန်းထဲကိုအဝင်မခံဘူး၊ ပြည်သူတွေကိုလည်း စခန်းထဲကို အဝင်မခံဘူး၊ အတွင်းထဲမှာရှိတဲ့ ခွေးတွေကလည်း အပြင်ဘက်ကို လုံးဝထွက်ခွင့်မပေးဘူး၊အဲလိုအနေ အထားဖြစ်နေလို့” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင် ခဲ့ပြီး အကြမ်းဖက်စစ်တပ်က သတင်းအမှောင်ချထားသဖြင့် ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျ မသိသေးပဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article