36 C
Yangon

CDM ဒုတပ်ကြပ် ကိုအောင်အောင်

Must read

“ကျွန်တော်အမျိုးသမီးက မွတ်ဆလင် ဘုရားမရှိခိုးခိုင်းဖို့ တပ်ထဲမှာလိုက်ပြောတယ်။ဒါကို သူတို့က အယူလားစွဲမသိဘူး ကျွန်တော့အမျိုးသမီး ဘုရားရှိခိုးမှ ဘုရားပန်းလဲမှ ဘုရားစင်က အဆင်ပြေသွားမယ့် ပုံစံကြီးဖြစ်နေတယ် “

CDM ဒုတပ်ကြပ် ကိုအောင်အောင်

By ရန်ကုန်ခေတ်သစ်

စစ်တပ်တွင် ၁၅ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့သည့် ဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်မိသားစုမှ ဆင်းသက်လာတဲ့ ဗမာလူမျိုးတစ်ဦးဖြစ်ပေမယ့် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးကို အိမ်ထောင်ပြုခဲ့လို့ သူတာဝန်ထမ်း ဆောင်နေတဲ့ စစ်တပ်အတွင်း ခွဲခြားဆက်ဆံမှုပေါင်းစုံကို ကလေးငယ်တွေပါမကျန် မိသားစုလိုက်ကြုံတွေ့ ခဲ့ရသူဖြစ်ပါတယ်။

ကိုအောင်အောင်ရဲ့ အစ္စလာမ်ဘာသာဝင် ဇနီးသည် မချိုချိုမြင့်ဟာလည်း စစ်တပ်အတွင်း နေထိုင်စဥ်ကာ လတစ်လျောက်လုံး ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းကိုးကွယ်ဖို့ အတင်းအကျပ် ဖိအားပေးစေခိုင်းခံရတာတွေ ၊ ဘုရားရှိခိုးရန်ပျက်ကွက်ပါက ပေ ၃၀၀ ခန့်ကျယ်တဲ့ မြေကွက်ကို တစ်ဦးတည်း မြက်ပေါက်ဖို့ အပစ်ပေးခံရတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ကို အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတယ်။

ဒီလို လူမျိုးရေး ဘာသာရေးအရ ခွဲခြားဖိနိုပ်မှုတွေကြောင့် ဒုတပ်ကြပ်အောင်အောင်ဟာ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ အခြားစစ်သည်တစ်ဦးနဲ့ အတူ သေနတ် ၃ လက်ယူဆောင်ကာ လွတ်မြောက်နယ်မြေကို ထွက်ပြေးပြီး CDM လှုပ်ရှားမှုတွင် ပူးပေါင်းခဲ့တဲ့ အကြောင်း ပြောပြထားတာတွေကို ပြန်လည်တင်ဆက်လိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article