35 C
Yangon

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ တရားစွဲဆိုခဲ့သော အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ တရားခံများ အပိုင်း (၁)

Must read

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ တရားစွဲဆိုခဲ့သော အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ တရားခံများ အပိုင်း (၁)

By ရန်ကုန်ခေတ်သစ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ တရားစွဲဆိုခဲ့သော အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ တရားခံများတွင် အဂတိကော်မရှင် အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ထင်ကျော်လည်း အပါအဝင်ဖြစ်သည်။

အဂတိတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးထင်ကျော်ဆိုတာက စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးနှင့်အတူ စစ်တက္ကသိုလ် အပတ်စဉ် ၂၅ အတူ တက်ရောက်ခဲ့သူလည်းဖြစ်သည်။ ဗိုလ်မှူးဟောင်း ထင်ကျော်သည် ယခင် စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများ အရှုံးပေါ်၍ ပိတ်ပစ်လိုက်ရသည့်အခါ ထင်ကျော်က အလုပ်လက်မဲ့ ပိုလျှံ ဝန်ထမ်းဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ် မှာ စတင်ဖွဲ့စည်းသည့် အဂတိတိုက်ဖျက်ရေးကော်မရှင်တွင် တာဝန် ထမ်းဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ထင်ကျော်က အဂတိတိုက်ဖျက်ရေး ကော်မရှင်မှာ လုပ်ကိုင်မှု သက်တမ်း ၈ နှစ်ကျော်၊ ၉ နှစ်အတွင်းမှာ ရုံးအဖွဲ့မှူး၊ ညွှန်ကြားရေးမှူး ချုပ်ရာထူးများ ရယူပြီး အငြိမ်းစားယူခဲ့သည်။ ဆရာမွေး၊ တပည့်မွေး၊ လူမှုရေး အရှုပ်အရှင်း များစွာကြောင့် ထင်ကျော်ကို သမ္မတရုံးအထိ တိုင်ကြားစာ တက်ခဲ့သော်လည်း သတိပေးဆုံးမရုံဖြင့်သာ အဆုံးသတ်ခဲ့သည်။

စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ချိန်မှာ ထင်ကျော်က အဂတိတိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး ရာထူးကို သူငယ်ချင်းဖြစ်သူ အောင်လင်းဒွေး အကူအညီဖြင့် ရယူခဲ့ပြီး ကော်မရှင်ကို စိတ်တိုင်းကျ ပုံဖော်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) BSI မှ ရဲသိပ္ပကျောင်းဆင်း အမှုစစ်များကို ခေါ်ယူအသုံးချကာ အဂတိကော်မရှင်မှာ နာမည်ကျောင်း ယူခဲ့သည်။

စသုံးလုံးနှင့် အခြားဝန်ကြီးဌာနမှ အရာရှိများကို အဂတိကော်မရှင်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ပါက တစ်ဆင့်မြင့် ရာထူးတိုးပေးမည်ဟုဆိုကာ စည်းရုံးခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လာဘ်ပေးလာဘ်ယူ လုပ်သည်ဟုဆိုကာ မင်းအောင်လှိုင်က လိမ်လည်တရားစွဲခိုင်းသည့်အခါတွင်လည်း အဂတိကော်မရှင်မှ အတွင်းရေးမှူး ထင်ကျော်က စစ်တပ်အလိုကျ လုပ်ကြံတရားစွဲမှုများ လုပ်ဆောင်ခဲ့သည်။

လူထုခေါင်းဆောင်နှင့် လူထုသမ္မတကို လုပ်ကြံ တရားစွဲရာမှာ အဓိက ပါဝင်ခဲ့သည့် ထင်ကျော်က လူမှုရေး အရှုပ်အရှင်းများစွာ ရှိသူလည်းဖြစ်သည်။ အဂတိကော်မရှင် အတွင်းရေးမှူး အဖြစ် လုပ်ကိုင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၎င်းနှင့် လူမှုရေး ဖောက်ပြန်သူ အမျိုးသမီး ဝန်ထမ်းကို ညွှန်ကြားရေးမှူး ရာထူးသို့လည်းကောင်း၊ လူမှုရေး ဖောက်ပြန်သည့် အခြား အမျိုးသမီးဝန်ထမ်းငယ်တစ်ဦးကိုလည်း လက်ထောက်ညွှန်ကြားရေးမှူး ရာထူးသို့ လည်းကောင်း၊ ၎င်းနှင့် အတူနေ အမျိုးသမီးတစ်ဦးကိုလည်း ဦးစီးအရာရှိရာထူး အဆင့်သို့ လည်းကောင်း ရာထူး အသီးသီးတိုးမြှင့်ပေးခဲ့သည်။

လူမှုရေး အကျင့်ပျက်မှုများစွာ ကျူးလွန်ခဲ့ပြီး ယင်းလူမှုရေးဖောက်ပြန်မှုများကို အသေးစိတ် မဖော်ပြလိုပေ။

အဂတိကော်မရှင်ကို စိတ်တိုင်းကျ ခြယ်လှယ်ခဲ့သော ကော်မရှင် အတွင်းရေးမှူး ထင်ကျော်က အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ချုပ် သန့်ဇော်၊ ဒုညွှန်ချုပ် စိန်တင်နှင့် ညွှန်မှူး ထွန်းထွန်းဝင်းတို့ကို အခြားဝန်ကြီးဌာန များသို့ အတင်းအကျပ် ပြောင်းရွှေ့စေကာ ၎င်းတပည့် လက်ကိုင်တုတ်များကို ရာထူး တိုးပေးခဲ့သည်။

သူ၏ တပည့်ဖြစ်သူ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း လွင်အောင်ကို ရာထူးတိုး စာမေးပွဲမရှိ၊ ဒါရိုက်တာ အစည်းအဝေး မလုပ်ဘဲ သူတစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဒုညွှန်ကြားရေးမှူးချုပ် ရာထူးတိုးပေးခဲ့သည်။ လွင်အောင်ကို ဒုညွှန်ချုပ်အဖြစ် တိုးပေးပြီး ၉ လအကြာတွင် ညွှန်ကြားရေးမှူးချုပ် ရာထူးကို ထပ်မံ တိုးပေးခဲ့ပြန် သည်။

အဂတိကော်မရှင်၏ အရေးကြီးသည့် ဌာနများဖြစသည့် အမှုစစ်ဦးစီးဌာန၊ စီမံဦးစီးဌာန၊ တားဆီးကာကွယ်ရေး နှင့် နိုင်ငံတကာ ဦးစီးဌာန ၃ ခု အနက်မှ စီမံဦးစီးဌာန၏ ညွှန်ချပ်အဖြစ် လက်ရင်း တပည့် လွင်အောင်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို အဂတိအမှုများဖြင့် လုပ်ကြံ တရားစွဲဆိုရာတွင် ထင်ကျော်ကကော်မရှင် အတွင်းရေးမှူးအဖြစ် အဓိက နေရာမှ ပါဝင်ခဲ့သည်။

NLD အစိုးရလက်ထက်တွင် ထင်ကျော်သည် အဂတိကော်မရှင်တွင် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် ကျူးလွန်ခဲ့သည်။

၂၀၁၉ ခုနှစ် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဒေါက်တာ ဒေါ်လဲ့လဲ့မော်အမှုတွင် CB ဘဏ် ပါဝင်ပတ်သက်နေရာ ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးက သူ့ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းထွေးကို လူစားထိုး အရေးယူရန် ထင်ကျော်နှင့်တပည့်ဖြစ်သူ တို့ကို သိန်းပေါင်း သောင်းချီ လာဘ်ထိုးခဲ့သည်။ ယင်းငွေကြေးကို ထင်ကျော်က အဂတိကော်မရှင် အရာရှိ၊ အရာခံများကို ခွဲဝေပေးခဲ့သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ထင်ကျော်ကို လူမှုရေး ဖောက်ပြန်မှုအတွက် စစ်ကောင်စီက ကျန်းမာရေး အကြောင်းပြ ရာထူးမှ ဖယ်ရှားခဲ့သော်လည်း ထင်ကျော်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို လုပ်ကြံ တရားစွဲရာတွင် အဓိက ပါဝင်ခဲ့သော သမိုင်းတရားခံအဖြစ် မှတ်တမ်း တင်ကျန်ရစ်ခဲ့ပြီဖြစ်သည်။

လက်ရှိတွင် အဂတိကော်မရှင် အတွင်းရေးမှူးဟောင်း ထင်ကျော်သည် ကလောမြို့တွင် ဟိုတယ်ဖွင့်လှစ်၍ နေထိုင်သော်လည်း သူကျူးလွန်ခဲ့သော ပြစ်မှုများ၊ လူထုခေါင်းဆောင်နှင့် သမ္မတ ဦးဝင်းမြင့်အပေါ် ကျူးလွန်ခဲ့သော လုပ်ကြံအမှုများအတွက် တရားဥပဒေ၏ အရေးယူမှုကို မကြာမီ ပြန်လည် ခံစားရမည်မှာ အသေအချာ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article