35 C
Yangon

မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေ‌သော ထိုင်း စွမ်းအင် PTTEP ကုမ္ပဏီ ကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG က ဆက်လက် ဆောင်ရွက်နေ

Must read

မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့်ပူးပေါင်းနေ‌သော ထိုင်း စွမ်းအင် PTTEP ကုမ္ပဏီ ကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG က ဆက်လက် ဆောင်ရွက်နေ

ရန်ကုန်၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ ရေနံနှင့်စွမ်းအင်လုပ်ငန်းများ လုပ် ကိုင်နေသော ထိုင်း PTTEP ကုမ္ပဏီကို စင်ကာပူ တရားရုံးတင်နိုင်ရေး NUG က ဆက်လက် ဆောင်ရွက်နေကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ် နှံမှုဝန်ကြီး ဦးတင်ထွန်း နိုင် ကပြောဆိုသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နွေဦးဖွံ့ဖြိုးရေးဘဏ် မိတ်ဆက်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“PTTEP ကို တရားစွဲတာမဟုတ်ပါဘူး။ တကယ်တမ်းကျ‌နော်တို့ စင်ကာပူမှာရှိနေတဲ့ အနူညတ ခုံရုံးမှာ အငြင်းပွားမှုကို ဦးတိုက်လျှောက်ထားတာဖြစ်ပါတယ်။ တရားစွဲဆိုတာ မဟုတ်ပါဘူး။ Law Suit မဟုတ်ပါဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် အနူညာတ ခုံရုံး Arbitration Tribunal ကို ဦးတိုက် လျှောက်ထားတယ်။ အဲဒီ Process က Still On going ၊ Still Valid ဖြစ်နေပါတယ်။ သို့သော် တရားရုံးအထိတော့ ဦးတိုက်လျှောက်ထားလွှာက မတင်ရသေးပါဘူး။ တင်ဖို့ အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ ကြားက ပရောဆက်တွေကို ဖြတ်သန်းနေတုန်းပဲရှိပါသေးတယ်။ ဒါကြောင့်မို့လို့ တရားရုံးကို မူလရည်ရွယ်ထားတဲ့အတိုင်း ဦးတိုက်လျှောက်ထားမှုကို အငြင်းပွားမှုကို အဆုံး အဖြတ်ခံယူဖို့ ဆောင်ရွက်သွားမှာဖြစ်သလို ဆောင်ရွက်ဆဲလည်းဖြစ်ပါတယ်။ တရားရုံးဦးတိုက်လျှောက်ထားမှုကို တရားရုံးက လက်ခံလိုက်တယ်ဆိုရင် ပြည်သူလူထုရော သတင်းမီဒီယာများကိုရော အသိပေးတင်ပြသွားမှာဖြစ်ပါတယ်” ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်း နိုင် က ရှင်းပြသည်။

၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်NUG အစိုးရက စစ်ကောင်စီနှင့်အတူ စီးပွားရေးပူးတွဲဆောင်ရွက် နေ သော ထိုင်း PTTEP ကုမ္ပဏီကို မတ်လ ၂၀ ရက်နေ့မှ စ၍ ရတနာစီမံကိန်း နှင့်ပတ်သက်သည့် တရားဝင်တောင်းဆိုချက်စာ Demand Letter ပို့လိုက် ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း တုံ့ပြန်မှု မရှိပါက စင်ကာပူနိုင်ငံရှိ Arbitration Tribunal (ခုံသမာဓိရုံး) သို့ တိုင်ကြား၍ ဥပဒေလမ်းကြောင်း အတိုင်း ဆောင်ရွက်မည်ဟု သတိပေးခဲ့သော်လည်း PTTEP က တောင်းဆိုချက်ကို အကြောင်းမပြန်ခဲ့ကြောင်း သိရှိရသည်။

ရတနာစီမံကိန်းမှ ရရှိငွေများသည် စစ်တပ်အတွက် မြန်မာပြည်သူများကို အကြမ်း ဖက်သတ်ဖြတ်ရန် အာဏာသိမ်းစစ်အုပ်စုကို အထောက်အပံ့ ဖြစ်နေ ကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ ရရှိသည့် ရန်ပုံငွေများကို အာဏာ သိမ်း စစ်အုပ်စုကို မပေးဆောင်ရန် ယခင်ကတည်းက ကုမ္ပဏီများသို့ သတိပေး စာ များထုတ်ပြန်ခဲ့သော်လည်း PTTEP က လိုက်နာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဝင်ငွေသည် တစ်လ လျှင် ဒေါ်လာ သန်းပေါင်း ၉၀ နှင့် ၁၀၀ အကြားရှိပြီး ရတနာစီမံကိန်းသည် အများ ဆုံးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article