30 C
Yangon

Federal Wings မှ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံခြင်း

Must read

“စစ်ကောင်စီကို ထိုးစစ်ဆင်မည့် Federal Wings ​၏ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်းများ အောင်မြင်နေပြီ”

Federal Wings မှ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်တပ်ကျဆုံးရေးတိုက်ခိုက်ချေမှုန်းတဲ့နေရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ မြေပြင်မှာ ရဲစွမ်းသတ္တိအပြည့်နဲ့တိုက်ခိုက်နေသလို ဝေဟင်ကနေပါ မောင်းသူမဲ့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်တပ်သားတွေ ထိခိုက်သေဆုံးမှုတွေ စခန်းသိမ်းတိုက်ပွဲတွေ စတဲ့ အောင်ပွဲတွေ ခပ်စိတ်စိတ်ရရှိလာတာတွေ့ရှိရပါတယ်။

အကြမ်းဖက်တပ်သားတွေကို ဒရုန်းအကြီးစားတွေနဲ့ တာဝေးစစ်ဆင်ရေးတွေ လုပ်ဆောင်မယ့် အခြေအနေ၊ ဒရုန်းတပ်မတော်ကြီးဖြစ်လာတဲ့ အနေအထားအပါအဝင် စစ်ဆင်ရေးတွေ အကြောင်းနဲ့ ပတ်သက်ပြီး ရှေ့တန်းစစ်မြေပြင်မှာ ဒရုန်းတွေနဲ့ တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ Federal Wings နဲ့ တာဝန်ရှိသူနဲ့ အဖွဲ့သားတွေကို ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

မေး။ ။ ဒီ Federal Wings အနေနဲ့ တာဝေးစစ်ဆင်ရေးနဲ့ ကင်းထောက်ဒရုန်းတွေ ထုတ်လုပ်အောင်မြင်နေမှုအခြေအနေကို ပြည်သူတွေ သိရှိအောင်လို့ ပထမဆုံးရှင်းပြပေးပါဦးရှင်။

ဖြေ။ ။ ဒီ Project ကို စခဲ့တာက တစ်နှစ်ကျော်လောက်ရှိသွားပြီပေါ့။ ပထမ စစချင်းတုန်းက မော်ဒယ်လ်အသေးလေးတစ်ခုနဲ့ VTOL လို့ခေါ်တဲ့ Vertical Take-off Landing ကို တကယ်ပဲ အလုပ်လုပ်နိုင်သလားဆိုတာ အစ်မတို့ စမ်းခဲ့ကြတယ်။ အဲဒီ စမ်းသပ်မှုက အောင်မြင်ခဲ့တယ်ပေါ့နော်။

KNU နယ်မြေထဲမှာပဲ အစ်မတို့ စမ်းသပ်တယ်။ စမ်းသပ်အောင်မြင်ပြီးတဲ့အခါကျမှ အစ်မတို့က ဒီဟာကို တကယ် Production ထုတ်နိုင်ဖို့အတွက် တကယ် လိုအပ်တဲ့ မော်ဒယ်လ်အမျိုးအစား နောက်တစ်ခါကျတော့ အရွယ်အစား၊ သယ်ဆောင်နိုင်တဲ့ ကီလိုဂရမ် ဒါတွေကို တွက်ချက်ပြီးတော့ တစ်ခေါက်ပြန်ပြီးတော့ အစ်မတို့ ထုတ်တယ်။

အဲဒီလို ထုတ်ဖို့အတွက် ပထမပိုင်းမှာတော့ အစ်မတို့က မော်ဒယ်လ်ကို ဝယ်ရတာပေါ့။ ဒီ Body ကို ဝယ်ရတယ်။ ဝယ်ပြီးတဲ့အခါကျတော့ နောက်ပိုင်းမှာ ဝယ်ရခက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ္စည်းက ကြီးတယ်။ နောက်တစ်ခါ ကိုယ်ထည်ကလည်း သိသာတယ်ပေါ့။ မော်ဒယ်လ် ကိုယ်ထည်က သိသာတယ်။

အဲဒီတော့ Original တွေကို တကယ်ဝယ်လာတဲ့အခါကျတော့ တင်သွင်းဖို့တွေက ခက်လာတယ်။ အဲဒီလို ခက်လာတော့ အစ်မတို့ အချိန်တစ်ခု ပေးပြီးတော့ အခါကျတော့ composite နည်းပညာနဲ့ ဒီ Body ကို ကိုယ်တိုင်ထုတ်နိုင်ဖို့အတွက်ပါ ကြိုးစားတယ်။ အဓိကကတော့ အတောင်ပံတွေပေါ့။ သူ့ရဲ့ အတောင်ပံတွေကို အစ်မတို့ ကောင်းကောင်းထုတ်လုပ်နိုင်ဖို့ ကြိုးစားတဲ့အခါမှာ အောင်မြင်မှုရသွားတယ်။

အဲဒီအောင်မြင်မှုရသွားတဲ့အခါကျတော့ အခုကျတော့ အစ်မတို့ Composite Body ကိုပါ အစ်မတို့ ကိုယ်တိုင်ထုတ် လုပ်နိုင်တဲ့အနေအထားကို ရောက်သွားတယ်။ အထဲထဲက ပစ္စည်းတွေကတော့ အစ်မတို့က အစကတည်းက ဒရုန်းပုံမှန်သွားနေတဲ့ Multi … ဒရုန်းတွေကတည်းက ဝယ်ထားတဲ့ ပစ္စည်းတွေ ရှိတယ်။ အမျိုးအစားတူတာတွေ သုံးရမှာတွေ ရှိတယ် ဒါတွေက ပြဿနာ မရှိဘူး။

အခု Body အဆင်ပြေသွားတဲ့အခါမှာ အစ်မတို့ဘက်က ကောင်း ကောင်း Production လုပ်နိုင်တဲ့ အနေအထားကို ရောက်သွားတယ်။ အဲဒါကြောင့်မို့လည်း တစ်ရက် Facebook မှာ ဒါကို ထုတ်ဖော်ပြသပြီးတဲ့အခါကျတော့ ကျွန်မတို့ ရှေ့ဆက်နိုင်ဖို့ရာအတွက်ပေါ့။ ဒီဟာကိုကောင်းကောင်း Product လုပ်နိုင်ဖို့ ဒီ Products တွေ ကောင်းကောင်းထုတ်လုပ်နိုင်ဖို့အတွက် လုပ်လာတာ ဖြစ်ပါတယ်။

မေး။ ။ ခုနက ရှင်းပြတဲ့အထဲမှာပါတဲ့ VTOL လို့ခေါ်တဲ့ Vertical Take-off Landing နဲ့ပတ်သက်ပြီး ပြည်သူတွေ သေချာလေးနားလည်နိုင်ဖို့ အဲဒီအကြောင်းလေးကို‌ရော အစ်မ ရှင်းပြလို့ရလားရှင့်။ ကျွန်မတို့ အစ်မတို့ ထုတ်ပြန်တဲ့အထဲမှာ ဒီ ဓာတ်ပုံတော့ တွေ့တာပေါ့နော်။ ဒါပေမဲ့ ပြည်သူတွေက ဒီ ရုတ်တရက်ကျတော့ VTOL ဆိုတာ ဘာလဲဆိုတာ မသိရတဲ့အခါကျတော့ ပြည်သူတွေ အနီးစပ်ဆုံးနားလည်အောင်လို့ အစ်မ ရှင်းပြပေးလို့ရနိုင်မလားရှင့်။

ဖြေ။ ။ အနီးစပ်ဆုံးနားလည်အောင် Technical Term တွေ မပါဘဲ ပြောရမယ်ဆိုရင် သူက အဝေးကြီး ပျံသန်းနိုင်မယ့် ဒရုန်းအမျိုးအစားမျိုးပါပဲ။ အခုလက်ရှိသုံးနေတဲ့ ဒရုန်းတွေကကျတော့ တိုက်ပွဲဝင် ဒရုန်းတွေပေါ့နော်။ တိုက်ပွဲဝင်ဒရုန်းတွေ ဖြစ်တဲ့အခါကျတော့ သူကတော့ ဘယ်လိုမျိုးလဲဆိုတော့ အနီးကပ်တိုက်ပွဲတွေ သိပ်ပြီးတော့ အကွာအဝေးမများတဲ့ စစ်စခန်းတွေကို ချတဲ့အခါ သူ့ကို သုံးတယ်။ ဒီကောင်ကကျတော့ ခရီးဝေးအထိသွားနိုင်တယ်။

အဝေးကြီးသွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် အစ်မတို့ နယ်ကျော်ပြီးတော့ ပြည်နယ်တစ်ခုကနေ တခြားပြည်နယ် တစ်ခု တိုင်းတစ်ခုကနေ တခြားတိုင်းတစ်ခု အထိကို သွားနိုင်တဲ့အနေအထားရှိပါတယ်။ အဲဒါတွေက အစ်မတို့ရဲ့ ဒီတော်လှန်ရေးအတွက် အရေးတကြီးလိုအပ်တဲ့ အမျိုးအစားဖြစ်တယ်။

ဝေးဝေးသွားနိုင်မှ အဆင်ပြေမယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ဝေးဝေးလည်း သွားနိုင်ရမယ်။ တင်ဆောင်သွားနိုင်တဲ့ ကီလို ဂရမ်လည်း များများတင်နိုင်ရမယ်။ အဲဒီ ၂ခု အပေါ်မှာ အခြေခံပြီးတော့ အစ်မတို့ VTOL ကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီ VTOL ရဲ့ ဝေးဝေးသွားမယ်။ ပြီးတော့ ဝေးဝေးသွားပြီးတော့ အလုပ်လုပ်နိုင်မယ်။

မေး။ ။ ဒီ VTOL တွေကို ထုတ်လုပ်တဲ့အခါမှာ အစ်မတို့ ကြေညာထားတဲ့အထဲမှာလည်း ပါတယ်။ ဒီ VTOL တွေကို စစ်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက် စီမံကိန်းလုပ်တာတွေလည်း ကျွန်မဖတ်လိုက်ရတဲ့ အခါကျတော့ VTOL တွေကို ကရင်ပြည်နယ် Cobra စစ်ကြောင်း ၊ ကရင်နီပြည်နယ်နဲ့ ယောဒေသတွေမှာ တာဝေးစစ်ဆင်ရေးတွေမှာ ကင်း ထောက် ဒရုန်းအနေနဲ့ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမယ့် သဘောမျိုးလားရှင့်။

ဖြေ။ ။ အရှိန်ကတော့ မြှင့်သွားမှာပါ။ ဒါပေမဲ့ ပေးမယ့် နယ်မြေတွေကိုတော့ ကျွန်မတို့ အစ်မတို့ ကော်မတီအနေနဲ့ မဆုံးဖြတ်ရသေးဘူး။ ဘာလို့လဲဆိုတော့ သူက ဒါက မဟာဗျူဟာမြောက်လုပ်ရမယ့် အပိုင်းတွေ ရှိတယ်။ ဒီအတွက် တိုင်ပင်ဆုံးဖြတ်ပြီးတဲ့အခါကျတော့ ဘယ်ဒေသကနေ ထွက်မယ်ဆိုတာ ကျွန်မတို့ လုပ်သွားမှာပေါ့နော်။

ဘာလို့လဲဆိုတော့ ဒီ ဖက်ဒရယ် Wings ဆိုပြီး ပေးထားတဲ့အခါကျတော့ ဖက်ဒရယ်ကို ဦးတည်တဲ့ သဘောဖြစ်တယ်။ အဲဒါကြောင့်မို့လို့ MOD မှ ဒီ ဟိုဟာမှ ဆိုတာမျိုး မရှိဘူး။ ကျွန်မတို့က ဒီ EROတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတာလည်း အများကြီးရှိတယ်။ အဲဒီအခါမှာ Experience ပေါ့။

အတွေ့အကြုံများတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီဟာတွေကို ဘယ်လို အသုံးချမယ်ဆိုတဲ့ ဗျူဟာထွက်လာတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီပစ္စည်းကို အသုံးချမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခုထိကတော့ မဆုံးဖြတ်ရသေးပါဘူး။ ဘယ်လိုမျိုးသွားမယ်ဆိုတဲ့ဟာကို။ အစ်မတို့ ဒါကို ထုတ်လုပ်တယ် ထုတ်လုပ်ပြီးတော့ စမ်းသပ်တယ်။ စမ်းသပ်တာကတော့ တိုင်းရင်းသား နယ်မြေမှာပဲ စမ်းသပ်တာပါ။ တိုင်းရင်းသားနယ်မြေကပဲ ထွက်လာဖို့ရှိပါတယ်။

မေး။ ။ Federal Wings အနေနဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ စပြီးတော့ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ကျွန်မတို့ စသိထားရတယ်။ အခုဆိုရင် ကရင်ပြည်နယ်တင် မကတော့ဘဲနဲ့ ကရင်နီရော စစ်ကိုင်းဘက်ရော အခုဆိုရင် မကွေးတိုင်းဘက်ရော အဲဒီဘက်တွေမှာပါ Federal Wings အနေနဲ့ ဒရုန်းတွေနဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲနေတယ်။ ခုန အစ်မပြောတဲ့အထဲမှာလည်း ပါတယ်။

တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံပါတဲ့ သဘောမျိုးပါတဲ့ နာမည်က အစ Federal Wings ပေါ့။ ဒီ ပုံစံမျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လက်ရှိတစ်နိုင်ငံလုံးအနေအထားမှာ ဒီ Federal Wings က ပြည်သူ့ ဒရုန်းတပ်ဖွဲ့ တပ်ရင်းတစ်ခုပုံစံမျိုး ဒရုန်း တပ်မတော် ဖြစ်လာပြီလို့ ပြောလို့ရလားရှင့်။

ဖြေ။ ။ အဲဒီလို ပြောရင်ကျတော့ နည်းနည်းလေးများသွားမှာ စိုးရိမ်တဲ့အတွက်ကြောင့် မပြောရဲပါဘူးလို့။ ရိုးရိုးသားသားပြောရလို့ရှိရင် ကျွန်မတို့က Federal Wings ကို စတင်ခဲ့တဲ့အချိန်မှာ လူ ၆ ယောက် ၊ ၇ ယောက်ပဲ ရှိပါတယ်။ နောက်မြေပြင်နဲ့လည်း အချိတ်အဆက်သိပ်မရှိဘူး။

ဘာလို့လဲဆိုတော့ နိုင်ငံခြားရောက်နေတာ ကြာပြီဖြစ်တဲ့ လူတွေ စုပြီတော့ လုပ်လိုက်ကြတာဆိုတော့ အချိတ် အဆက်မရှိတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ အချိတ်အဆက်ယူပြီးတော့ စမ်းသပ်ရမယ့်နေရာက တိုင်းရင်းသားဒေသတွေက ကူညီမှုတွေ ဒါတွေယူပြီးတော့မှ Federal Wings စဖြစ်လာတာ။

ကျွန်မတို့မှာ ရုန်းကန်ရတာ တော်တော်များတယ်။ ကျွန်မတို့ ကော်မတီဝင်ထဲမှာ ဆက်သွယ်ရေးသတင်းအချက် အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က လွဲရင် ကျန်တဲ့ လူတွေက သာမန်လူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေး သမားလည်း မဟုတ် စစ်ရေးလည်း နားမလည်တဲ့ လူတွေ ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ကျွန်မတို့က အဆက်အသွယ်လည်းနည်းတယ်။ ကျွန်မတို့က နည်းပညာတစ်ခုက လွဲရင် ကျန်တာ ဘာမှ သိပ်မသိဘူးဆိုတဲ့ လူတွေဖြစ်နေတာပေါ့။

အဲဒီအချိန်မှာ မြေပြင်နဲ့ ချိတ်ဆက်ပြီးတော့မှ အမှန်တကယ်လုပ်ဆောင်ရတဲ့အခါမှာ ကျွန်မတို့ဘက်က အားနည်း ချက်တွေလည်းရှိမှာပေါ့။ ကျွန်မတို့မှာ အဆက်အသွယ်အချိတ်အဆက် အင်မတန်နည်းပါတယ်။ ဒီကြားထဲကနေမှ ဖြစ်လာအောင် လုပ်လာရတာပေါ့နော်။ အဲဒီတော့ ကျွန်မတို့က တပ်ရင်းအကောင်းဆုံးလို့ ကိုယ့်ကိုယ်ကိုယ် မပြောလိုဘူး။ ဒါပေမဲ့ ကျွန်မတို့ နည်းပညာကိုတော့ အမြဲတမ်း အဆက်မပြတ်ပိုပြီးတော့ တိုးတက်အောင် လုပ်နေတယ်။ အခုလက်ရှိ သုံးတဲ့ ဒရုန်းတွေဆိုလို့ရှိရင် ကျွန်မတို့ Generation တွေ မြှင့်မြှင့်သွားတယ်။

ပထမသုံးတဲ့ အမျိုးအစားနဲ့ ဒုတိယအမျိုးအစားနဲ့ မတူတော့ဘူး။ အခုလက်ရှိ သုံးနေတဲ့ဟာဆို ကျွန်မတို့ရဲ Third Generation တောင် ဖြစ်သွားပြီပေါ့နော်။ ပိုပြီးတော့ ပေါ့ပါးရမယ် ပိုပြီးတော့ သယ်ဆောင်နိုင်ရမယ်။ ပြီးတော့ ထိရောက်မှု။ ထိရောက်မှုဆိုတဲ့နေရာမှာ ကျွန်မတို့ ပစ်မှတ်ကို တိကျရမယ်ပေါ့။ Reliable ဖြစ်ရမယ်ပေါ့။ ကျွန်မတို့ ကော်မတီက လုပ်ဆောင်တယ်။ မြေပြင်အဖွဲ့တွေကို ပို့တဲ့အခါ Technical Transfer လုပ်တယ်။

သူတို့က ပြန်ပြီးတော့ စမ်းသပ်တယ်။ တကယ်တိုက်ခိုက်တယ်ပေါ့။ ကျွန်မတို့ ဒီဘက် Testing လုပ်ထားတဲ့ အခြေ အနေနဲ့ တကယ့်မြေပြင်မှာ Testing လုပ်တဲ့အခြေအနေမှာ တူချင်မှ တူမယ်။ တကယ်တန်းကျတော့ မြေပြင်မှာ တကယ့် ဒရုန်းတွေ အလုပ်လုပ်တဲ့အခါ ကျွန်မတို့ ဒီဘက်မှာ ရထားတဲ့ ဒီလောက် ဒီလောက်တော့ ဖြစ်ရမယ်လို့ ပြောပေမယ့် တကယ်တန်း ဖြစ်ချင်မှလည်း ဖြစ်တယ်။

ဒါမျိုးတွေ ကျွန်တို့က အချိန်အများကြီးကျော်ဖြတ်ပြီးတော့မှ သွားခဲ့တဲ့ အခါကျတော့ လောလောဆယ်မှာတော့ ကိုယ့်ရဲ့ ဒရုန်းတပ်ဖွဲ့ကို ဘယ်လိုပြောနိုင်လဲဆို အကောင်းဆုံးလို့ အအောင်မြင်ဆုံးလို့ စကားမျိုးထက် ကျွန်မတို့ နည်းပညာကို စဉ်ဆက်မပြတ်ကလေ့လာနေတဲ့ ဒရုန်းအဖွဲ့အနေနဲ့ ကျွန်မပြောချင်တယ်။

နောက်တစ်ခုကျတော့ ကျွန်မတို့ ပိုပြီး‌တော့ ကျစ်ကျစ်လျစ်လျစ်နဲ့ အလုပ်လုပ်နေတဲ့ ဒရုန်းအဖွဲ့လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ချိတ်ဆက်မှုတွေလည်း တော်တော်ရလာတဲ့ ဒရုန်းအဖွဲ့ဖြစ်လာပါပြီ။ ဒီ KNU နယ်မြေ၊ KNDF ၊ နောက် တစ်ခုက ကျွန်မတို့ ကရင်နီပြည်နယ်ထဲက တခြားအဖွဲ့တွေပေါ့။ နောက်တစ်ခါ ကျွန်မတို့ MOD ပေါ့ ။

အကုန်လုံးနဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖြစ်လာတယ်။ အဲဒီတော့ တိုးတက်လာတဲ့ အဖွဲ့လေး တစ်ခုအနေနဲ့ ပြောပါရစေ။ အကောင်းဆုံးအဖွဲ့လို့တော့ မပြောလိုပါဘူးရှင် ။ ဟုတ်ကဲ့

မေး။ ။ ကာကွယ်ရေးဝန်ကြီးဌာန NUG အောက်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာလည်း Federal Wings ဆိုတာလည်း မြေပြင်တိုက်ခိုက်ရေး ဒရုန်းအဖွဲ့ဝင် အင်အားအချို့ကို ထုတ်နုတ်ပြီးတော့ NUG ရဲ့အောက်မှာ အမှတ် ၁၈၀၁ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီးတော့ တပ်ရင်းတစ်ခုအနေနဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲနေပြီလား အဲဒါကိုလည်း ပြည်သူတွေ သိရှိအောင် ပြောပြပေးပါဦးရှင်။

ဖြေ။ ။ ဟုတ်ကဲ့ စစ်ဆင်ရေး ဆင်နွှဲနေပါပြီ။ ပထမတုန်းက ကျွန်မတို့ရဲ့ ဒီ Technical Transfer လုပ်လိုက်တဲ့ နည်းပညာတပ်သားတွေက PDF Code တွေလည်း ရရှိခြင်းမရှိဘဲနဲ့ ဘယ်အဖွဲ့ကမှန်း မသိဖြစ်နေတယ်။ NUG ထဲမှတော့ ပါဝင်နေတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့က ဒီလိုမျိုး အဖွဲ့အစည်းတစ်ခုရဲ့အောက်မှာ မရှိဘူးဆိုရင် COC ကနေ လွတ်ကင်းသွားမှာ ကျွန်မတို့ စိတ်ပူတယ်။

KNU ကျတော့လည်း KNU အဖွဲ့အစည်းအောက်မှာရှိတဲ့ တပ်သားတွေ ရှိတာပေါ့နော်။ ဒါကတော့ KNU ရဲ့ COC နဲ့ သွားရမှာပေါ့။တချို့ တပ်သားတွေမှာ အဲဒီလို ဖြစ်နေတဲ့အခါမှာ ကျွန်မတို့က MOD နဲ့ ဆွေးနွေးတိုင်ပင်ပြီးတဲ့အခါကျတော့ တပ်ရင်း ၁၈၀၁ ကို ဖွဲ့စည်းဖြစ်သွားတာ ဖြစ်ပါတယ်။ အဲဒီ ၁၈၀၁ ထဲက တပ်သားတွေ အကုန်လုံးက နည်းပညာတပ်သားတွေဖြစ်ပါတယ်။

အားလုံးက Laptop ကိုင်ပြီးတော့ တိုက်နေရတဲ့ တပ်သားတွေ ဖြစ်တယ်။ အဲဒီအခါကျတော့ ဒီတပ်သားတွေအတွက် MOD ကနေပြီးတော့ တပ်ရင်းတစ်ခု ဖွဲ့ပေးလိုက်တဲ့ သဘောမျိုးဖြစ်တော့ အဲဒီ နည်းပညာတပ်သားတွေက တစ်နေရာထဲမှာ ရှိနေတာ မဟုတ်ဘူး။

ကျွန်မတို့က စစ်ကိုင်းမှာ ရှိနေတယ်။ ကရင်နီမှာ ရှိနေတယ်။ ကရင်ပြည်နယ်ထဲမှာလည်း ရှိနေတယ်။ ကရင်ပြည် နယ်ထဲမှာ KNU မဟုတ်သော PDF ကလာတဲ့ နည်းပညာတပ်သားတွေ ရှိနေတဲ့အခါကျတော့ KNU ဘက်မှာလည်း သပ်သပ်ရှိတယ်။ ဒီ Federal Wings က ။ အဲဒီတော့ ကျွန်မတို့က ၁၈၀၁ ကလည်း Federal Wings ဖြစ်သလို KNU နဲ့ လက်တွဲပြီးတော့လည်း Federal Wings ရှိနေတယ်။

အဲဒီလို ပုံစံမျိုးနဲ့ သွားတာပါ။ သွားတာဖြစ်တဲ့အတွက် ၁၈၀၁ ထဲက တပ်သားတွေ အကုန်လုံးကတော့ MOD လက်အောက် ဖြစ်သွားမယ်။ Mission တွေ စပြီးတော့ ဆောင်ရွက်နေပါတယ်။ အဓိကကတော့ စစ်ကိုင်းတိုင်းထဲမှာပေါ့။ စစ်ကိုင်းတိုင်းထဲမှာ Mission ၆ ခု ဒီရက်ပိုင်းလေးမှာပဲ Mission ၆ ခု ပြီးသွားပြီ ဖြစ်ပါတယ်။

မေး။ ။ ဒီ Federal Wings က တပ်သားတွေကို နည်းပညာတပ်သားလို့ အစ်မပြောသွားတယ်။ အခုလက်ရှိ စစ်အုပ်စု စစ်ကောင်စီကို ကျွန်မတို့က ခုခံတော်လှန်တဲ့အခါမှာ ဘက်ပေါင်းစုံက တော်လှန်တဲ့အခါမှာ မြေပြင်က တပ်သားတွေနဲ့ ပူးပေါင်းပြီးတော့ နည်းပညာတပ်သားတွေကပါ ပူးတွဲပြီးတော့ တော်လှန်နေတာ တော်တော်လေးကိုပဲ ခုခံစစ်ကနေ ။

ပထမ ကျွန်မတို့ဘက်ကနေ ခုခံနေရာကနေ အသာစီးရလာတဲ့ အခြေအနေဖြစ်ပြီး ဟိုဘက်က ခုခံစစ်ပုံစံပြောင်းသွားတာမျိုး ဖြစ်နေတာဆိုတော့ အစ်မတို့ ဒီ Federal Wings ရဲ့ နည်းပညာတွေကို တခြား အခုက စစ်ကောင်စီကို မြန်မာတစ်နိုင်ငံလုံးက တိုက်နေတဲ့ အဖွဲ့ငယ်တွေ အများကြီးရှိတော့ ဒီအဖွဲ့ငယ်တွေက ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဒရုန်းစစ်ဆင်ရေးတွေပူးပေါင်း ဆောင်ရွက်ဖို့ပဲ ဖြစ်ဖြစ် ချိတ်ဆက်ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုမျိုး လမ်းကြောင်းမျိုးနဲ့ ချိတ်ဆက် ဆောင်ရွက်လို့ရမလဲ။

ဖြေ။ ။ ပုံမှန်တော့ ကျွန်မတို့က လူလည်း အရမ်းနည်းတော့ Technical Transfer လုပ်တဲ့ Training လေးတွေတော့ Federal Wings ဘက်က မပေးဖြစ်ဘူး ။ မပေးနိုင်ဘူး အခြေအနေအရ။ ဒါပေမဲ့ ကျွန်မတို့နဲ့ ချိတ်ဆက် ဆက်သွယ်ဖို့ဆိုရင်တော့ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာဌာနကို ဆက်သွယ်လို့ရတယ်။ အဲဒီအခါမှာ ကျွန်မတို့က ဆက်သွယ်လာတဲ့ တပ်ရင်းတပ်ဖွဲ့ရဲ့ အနေအထားကို ကြည့်တယ်။

ကျွန်မတို့က ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ဆိုတာတွေ အများကြီး မသတ်မှတ်ထားပေမယ့် လုံခြုံရေးကိုတော့ အဓိက ဦးတည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တပ်သားတွေအကုန်လုံးက Laptop ပဲ ကိုင်ထားရတာ။ လက်ထဲမှာ ဘာလက်နက်မှ ရှိမနေဘူး။ အဲဒီလို ရှိမနေတဲ့အတွက် သူတို့ကို ကာကွယ်ပေးနိုင်မယ့် ဘေးမှာ တပ်ရင်းတပ်ဖွဲ့ပြည့်စုံရဲ့လား ကျွန်မတို့ ကြည့်ပါတယ်။

အဲဒီအပေါ်မှာ မူတည်ပြီးတဲ့အခါ ကျွန်မတို့ အလုပ်လုပ်တယ်။ နောက်တစ်ခုကကျတော့ ဒီ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့ကလည်း သူတို့ဘက်က နည်းပညာတပ်သား ကျွန်မတို့ဘက်ကို ပေးနိုင်သလားဆိုတာကို ကြည့်ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က နိုင်ငံတကာရောက်နေတဲ့ လူတွေ ဖြစ်တဲ့အခါကျတော့ မြေပြင်နဲ့ မနီးစပ်ဘူး။ တပ်ရင်းတွေနဲ့။ အဲဒီတော့ ကျွန်မတို့မှာ တပ်သားဆိုတာ မရှိဘူး။ Federal Wings မှာက စဖွဲ့လိုက်ကတည်းက တပ်သားလည်း မရှိဘူး ဘာမှ မရှိဘူး။

အဲဒီလိုမျိုး ရှိနေတဲ့အချိန်ကနေ စခဲ့လိုက်ရတဲ့အခါ ကျွန်မတို့မှာ တကယ်တမ်း Resource ဆိုတာ မရှိဘူး။ မရှိတော့ အဲဒီတပ်ရင်းမှာ တကယ် နည်းပညာပိုင်း သင်ကြားနိုင်တဲ့ Technical Transfer လုပ်နိုင်တဲ့ တပ်သားရှိသလားဆိုတာကိုလည်း ကျွန်မကြည့်ပါတယ်။ ကြည့်ပြီးတော့ ကျွန်မတို့ ပေးမယ့် ဒရုန်းအမျိုးအစားပေါ်မူတည်ပြီးတော့ ကျွန်မတို့က အဲဒီတပ်ရင်းကနေ ၁၀ ယောက်၊ ၁၂ ယောက်ပြန်တောင်းပါတယ်။ အဲဒီတော့ ကျွန်မတို့က သူ့ တပ်ရင်းက တပ်သားကိုပဲ နည်းပညာတပ်သားအဖြစ်နဲ့ မြှင့်တင်ပေးလိုက်သလို ဖြစ်သွားတာပါ။

ကျွန်မတို့ဘက်ကတော့ လူလည်း မပေးနိုင်ဘူး။ အဲဒီလို အနေအထားမျိုး ရှိပါတယ်။ အဲဒီအခါကျတော့ သူတို့ကနေပြီးတော့ အဲဒီ နည်းပညာတပ်သားတွေကို Training ပေးပြီးတဲ့အခါ သူတို့စပြီးတော့ Mission တွေ ဆောင်ရွက်တဲ့အပိုင်း၊ ဒရုန်းတပ်ဆင်တဲ့အပိုင်း ၊ ပြန်လည်ပြုပြင်တဲ့အပိုင်း ဒါတွေကို ကျွန်မတို့ဘက်ကနေ Technical Transfer လုပ်ပေးပါတယ်။

အဲဒီလိုမျိုး ဆက်သွယ်ချင်တယ်ဆိုလို့ရှိရင် ကျွန်မတို့က နည်းပညာဝန်ကြီးဌာနကို ဆက်သွယ်ပြီးတော့ ချိတ်ဆက်လို့ရပါတယ်။ နောက်တစ်ခါ နည်းပညာဝန်ကြီးဌာနနဲ့ ချိတ်ဆက်တဲ့အခါ ကျွန်မတို့ကြည့်တဲ့ အချက်လေးတွေက အဲဒီလောက်ပါပဲ။ သိပ်အများကြီးမကြည့်ဘူး။ ကျန်တာတွေ မကြည့်ဘူး။

နောက်တစ်ခါ မှန်မှန်ကန်ကန်နဲ့ အလုပ်လုပ်တဲ့အဖွဲ့အစည်းလည်း ဖြစ်ရမယ်။ ဒါမျိုးလေးတွေကို ကျွန်မ ကြည့်တယ်။ နောက်တစ်ခါကျတော့ ကျွန်မတို့မှာ စည်းကမ်းလေးတွေတော့ ထပ်ထားတယ်ပေါ့နော်။ ပြည်သူကို လုံးဝမထိခိုက်စေရဘူးပေါ့နော်။

ကျွန်မတို့ Drone တွေကြောင့်မို့ ပြည်သူကို လုံးဝ မထိခိုက်စေရဘူး။ နောက်ပြီးတော့ စစ်ရေး Command ကလည်း ဒီကော်မတီအနေနဲ့ စစ်ရေး Command ကလည်း မပေးနိုင်ဘူး။ ကျွန်မတို့နည်းပညာသမားတွေ ဖြစ်တဲ့အတွက်ကြောင့် စစ်ရေး Command က ကျွန်မတို့ဘက်က လာတာ မဟုတ်ဘူး။

သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကနေပဲ သွားတာ ။ အဲဒီတော့ အဲဒီ တပ်ရင်းတပ်ဖွဲ့အပေါ်မှာ အလုံးစုံမှီခိုနေတယ်။ စစ်ရေးတိုက်ခိုက်မှုတွေ အကုန်လုံး ဒီ Mission တွေ အကုန်လုံးက ။ ကျွန်မတို့က ပစ္စည်းတွေ ထောက်ပံ့တယ်။ နည်းပညာထောက်ပံ့တယ်။

နည်းပညာနဲ့ ပတ်သက်တဲ့ Report တွေ ပြန်တောင်းတယ်ဆိုတာက လွဲလို့ရှိရင် တခြားစစ်ရေးပိုင်းဆိုင်ရာ ဝင်မစွက်ဖက်တာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့အနေနဲ့စည်းကမ်းလေးတွေတော့ ထားရတယ်။ ပြည်သူကို လုံးဝ မထိခိုက်ရဘူး။ ပြည်သူကို သွားပြီးတော့ ဒီပစ္စည်းကို အသုံးချပြီးတော့ ထိခိုက်သွားမှာမျိုး စိတ်ပူတယ်။

အဲဒါမျိုး မလုပ်ဖို့အတွက် တပ်ရင်းတွေကို ကျွန်မတို့က စည်းကမ်းထုတ်ထားတယ်။ တောင်းဆိုထားတယ်။ ကျွန်မတို့ ဒရုန်းတွေ အမျိုးအစားက တကယ်သာ Location တွေ တိတိကျကျသိလို့ရှိရင် အဲဒီနေရာကို တိတိကျကျကို ထိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့ သုံးထားတဲ့ နည်းပညာအရက Laptop ထဲမှာ လတ္တီကျု၊ လောင်ဂျီကျုကို အတိအကျရိုက်ထည့်လိုက်တာနဲ့ အဲဒီနေရာကို တည့်တည့်ကို အဲဒီ ဗုံးက ချတဲ့သဘောမှာ ရှိတဲ့အတွက်ကြောင့် ကျွန်မတို့က ဒီတပ်ရင်းတပ်ဖွဲ့တွေရဲ့ ပြည်သူအပေါ်မှာ ရိုးဖြောင့်မှုက အရမ်းပဲ အရေးကြီးပါတယ်။

အဲဒီ ရိုးဖြောင့်မှုကိုပဲ ကျွန်မတို့ ကြည့်ပါတယ်။ ရိုးဖြောင့်မှုရယ်၊ သူတို့ရဲ့ တပ်ရင်းအနေအထားရယ်၊ နောက်တစ်ခုက ကျွန်မတို့ နည်းပညာအဖွဲ့တွေ ကာကွယ်ပေးနိုင်မှု အနေအထားရယ် အဲဒါတွေကို ကြည့်ပြီးတော့မှ ဒီဟာတွေကို ထောက်ပံ့မှု ပြုပါတယ်ရှင်။

မေး။ ။ အခု ဒီ စစ်အာဏာရှင်ကို ကျွန်မတို့က တော်လှန်တဲ့နေရာမှာ နည်းပညာပါ ပေါင်းစပ်ပြီး‌တော့ မြေပြင်က အဖွဲ့တွေ ၊ တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ နည်းပညာပါ ပေါင်းစပ်ပြီး တိုက်ခိုက်နေတဲ့အချိန်မှာ ဒီအောင်သတင်းတွေ ဘာလို့လဲဆိုတော့ အစ်မတို့ အခုတိုက်နေတဲ့အချိန်မှာ ကရင်နီ၊ ကရင်ပြည်ရော ဒီဘက်မှာ စစ်ကိုင်းဘက်မှာရော တကယ့်ကို အောင်ပွဲရတဲ့ တိုက်ပွဲကြီးတွေ တကယ့်ကို အများကြီး အစ်မတို့ ဆင်နွှဲနေတာ သတင်းတွေရော မြေပြင်အချက်အလက်တွေရော သိရှိထားရတော့ ပြည်သူတွေကလည်း ဒီအောင်မြင်တဲ့ သတင်းတွေ သိရှိအောင် ဒီ Federal Wings အနေနဲ့ စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့အထိ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဘယ်လောက်လောက်အထိ ထိခိုက်ကျဆုံးမှု အခြေအနေ ရှိခဲ့သလဲ။ တိုက်ပွဲဝင်ခဲ့တဲ့ အနေအထားတွေကို အစ်မတို့ဘက်က ပြောပြပေးလို့ရရင် ပြောပြပေးပါဦး။

ဖြေ။ ။ ၂၀၂၂ တုန်းကဆိုရင် အစ်မတို့က ၂၃၁ ကြိမ် တိုက်ခိုက်နိုင်ခဲ့တယ်။ တိုက်ပွဲပေါင်း ၂၃၁ ကြိမ် ဒရုန်းတွေ ပစ်ချနိုင်ခဲ့တယ်။ ၂၀၂၃ ကျတော့ ၆ လပဲ အချိန်ကြာသေးတယ်။ ကျွန်မတို့ ၂၈၁ ကြိမ်တောင်မှ ကျွန်မတို့ တိုက်ခိုက်နိုင်လာပြီပေါ့နော်။ ပိုပြီးတော့ အကြိမ်ရေ များစွာတိုက်ခိုက်လာနိုင်တယ်။

နောက်တစ်ခုက ကျတော့ ပိုပြီးတော့ ဗုံးတွေ သုံးတဲ့အခါကျတော့လည်း ကျွန်မတို့ရဲ့ Generation ပေါ့ စောစောကပြောတဲ့ ဒရုန်းရဲ့ Generation ကို လိုက်ပြီးတော့ မီးလောင်ဗုံး သုံးနိုင်တာတို့ ဒီလိုမျိုး အဆင့်တွေအထိ ကျွန်မတို့ ရောက်လာတာမျိုးတွေ ရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်မတို့ဘက်က မနှစ်ကထက် ဒီနှစ်ကို အရမ်းကို ၆ လအတွင်းမှာကို မနှစ်က စံချိန်ကို ချိုးသွားပြီဆိုတဲ့ သဘောမျိုးမှာ ရှိတယ်။

ဒါပေမဲ့ သေဆုံးမှု ရန်သူဘက်က သေဆုံးမှုကိုတော့ ကျွန်မတို့အနေနဲ့ ဘယ်တော့မှ အတိအကျမသိရတာ များတယ်။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီလို ဒရုန်းကျပြီးဆိုတာနဲ့ အဲဒီနေရာကို ပိတ်လိုက်တာပဲ ဖြစ်ဖြစ် သတင်းကို ဖုံးပစ်လိုက်တာပေါ့နော်။ သတင်းကို ဖုံးပစ်လိုက်တယ်။ သူတို့ဘက်က ဘယ်လောက်ကျဆုံးတယ်ဆိုတာ မသိအောင်လုပ်လာတယ။ အဲဒီအခါကျတော့ ကျွန်မတို့က ထုတ်ပြန်သလောက်ကိုပဲ ကျွန်မတို့က သိရတာပေါ့။

ထုတ်ပြန်သလောက် ဘယ်လောက် ဘယ်လောက်သေဆုံးတယ်လို့။ နောက်တစ်ခု သိပ်ပြီးတော့ ရာထူးကြီးကြီးတွေသေဆုံးလို့ မရှုနိုင်မကယ်နိုင်ပေါ်လာမှပဲ ကျွန်မတို့ သိရတာမျိုးတွေ ရှိတယ်။ သာမန်စစ်သားတွေ ဘာတွေ သေဆုံးသွားတာလောက်ဆို သတင်းထဲ မထုတ်ဘူး ။ ဒီဟာကို ဖျောက်ပစ်လိုက်တယ်။ အဲဒီတော့ ဘယ်လောက် ဘယ်ရွေ့သေဆုံးတယ်ဆိုတာကတော့ အတိအကျ အနေနဲ့ ကျွန်မတို့ဆီမှာ ရှိမှာ မဟုတ်ဘူး ပျမ်းမျှခန့်မှန်းခြေလောက်ပဲ ကျွန်မတို့ဆီမှာ ရှိပါတယ်ရှင်။

မေး။ ။ ဒီတိုက်ပွဲတွေထဲမှာဆိုရင် ဘယ်ဒရုန်းမှ မလာစေရဘူးလို့ ကြွေးကြော်ထားတဲ့ စကစ ဗျူဟာမှူးရဲ့ သင်္ကန်း ညီနောင် ဗျူဟာကုန်းပေါ့။ Federal Wings က ဒရုန်းတွေ ကျဲချခဲ့တဲ့ ဖြစ်စဉ်ရှိတော့ Federal Wings ရဲ့ ဒရုန်းတပ်ဖွဲ့ကြီးက ဘယ်အချိန်လောက်များ နေပြည်တော်။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ ယန္တရားတွေ ရှိတဲ့ နေပြည်တော်ကို ဗုံးကျဲချနိုင်မလဲရှင်။

ဖြေ။ ။ မေးခွန်းကြီးက အရမ်းကို ကောင်းနေတယ်ပေါ့နော်။ ဟုတ်ကဲ့ပါ အချိန်အတိအကျသိရင် သူ ထွက်ပြေးသွားမှာပေါ့။ ဟုတ်ကဲ့ပါ အစီအစဉ်ရှိပါတယ်။ ကျွန်မတို့ ဒီဘက်မှာ ကျွန်မတို့ သုံးတဲ့ ဒရုန်းအမျိုးအစားတွေက တိကျတယ်။ စောစောက ပြောခဲ့သလို လတ္တီကျု၊ လောင်ဂျီကျု အတိအကျနဲ့ သွားလို့ရပါတယ်။ အဲဒီအတွက်ကြောင့် အဲဒီအထိရောက်နိုင်ဖို့ပဲ ကျွန်မတို့ ကြိုးစားနေပါတယ်လို့။ အဲဒါလေးပဲ ပြောချင်ပါတယ်။

အဲဒီအချိန်ကို ရောက်နိုင်အောင် ၊ အဲဒီအကွာအဝေးကို ရောက်နိုင်အောင် ကျွန်မတို့ ကြိုးစားနေတယ်။ ကျန်တဲ့ ဒရုန်းအဖွဲ့တွေနဲ့ တိုက်ခိုက်ရေးတွေမှာတော့ သိသာတယ်။ ဒီ Jammer ဆိုတဲ့နေရာမှာ ကျွန်မတို့ သုံးတဲ့ အမျိုးအစားက သုံးထားတဲ့ နည်းပညာက Top Ten Jammer မျိုးကို ကျော်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်ကလည်း Jammer အကောင်းစားတွေ ဝယ်နေတာမျိုးတွေ သတင်းတွေ ရှိတယ်။ အဲဒီလို ရှိတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဘက်ကလည်း နည်းပညာကို မြှင့်တင်ဖို့ကြိုးစားရတယ်။

သူတို့လည်း သူတို့ဟာ သူတို့ ကာကွယ်ကြပါလိမ့်မယ်။ အဲဒီအခါကျတော့ ကျွန်မတို့ အပြိုင်အဆိုင်ပေါ့နော်။ ဒါနည်းပညာအနေနဲ့ကတော့ အပြိုင်အဆိုင်ဖြစ်ကြာမှာပဲပေါ့။ အဲဒီလို သဘောရှိပါတယ်ရှင်။

မေး။ ။ ကင်းထောက်ဒရုန်းတွေ တာဝေးပစ်ဒရုန်းတွေ ထုတ်ဖို့အတွက် အောင်မြင်နေပြီ၊ ဒီဒရုန်းတွေ ဆက်ထုတ်ဖို့အတွက် ကမ်ပိန်းတွေ လုပ်နေတာဆိုတော့ ပြည်သူတွေပါဝင်ပြီး ထည့်ဝင်လို့ရအောင် ပြည်သူတွေ ပိုသိရှိအောင် အခုလက်ရှိ Federal Wings ကနေ ဒရုန်းထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ ပါဝင်လို့ရတဲ့ ဒရုန်းကမ်ပိန်းလေးနဲ့ ပတ်သက်ပြီးတော့ ပြောပြပေးပါရှင့်။

ဖြေ။ ။ အဲဒီဘက်ပိုင်းမှာ ကျွန်မတို့ အဖွဲ့တစ်ဖွဲ့လုံး အရမ်းအားနည်းတယ်လို့ ကျွန်မကိုယ် ကျွန်မ ထင်တယ်ပေါ့။ ဘာလို့ဆို ကျွန်မတို့ တိုက်နေတာတွေ၊ ကျွန်မတို့ သုံးနေတဲ့ အမျိုးအစားတွေထက်စာရင် ကျွန်မတို့ Public ကို သိအောင် လုပ်နိုင်တဲ့စွမ်းအား အရမ်းနည်းတယ်။

အဲဒီအတွက်ကြောင့် ညီမတို့တွေ ခေတ်သစ်မီဒီယာလိုမျိုးက ဆက်သွယ်လာတဲ့အတွက် အစ်မတို့အနေနဲ့ အရမ်းလည်း ပျော်တယ်။ သဘောလည်း ကျမိတယ်။ အစ်မတို့ရဲ့ အားနည်းချက်လေး တစ်ခုက မီဒီယာကနေ ကူညီနိုင်မလားလို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ စပြီးတော့ တည်ဆောက်ကတည်းက ဘတ်ဂျက်မရှိ ဘာမရှိ ဘာမှ မရှိဘဲနဲ့ ကိုယ့်ရဲ့အနီးအနားပတ်ဝန်းကျင်ကနေ ထည့်ဝင်တဲ့ ပိုက်ဆံလေးနဲ့သွားကြတယ်။

အဲဒီတော့ တခြားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူတွေ ဖြစ်တဲ့အတွက်ကြောင့် ဝင်ငွေလည်း ကောင်းနေကြတဲ့ Professional ‌တွေ ဖြစ်တဲ့အတွက်ကြောင့် ဒါလုပ်မယ် ထည့်ကြ ထည့်ကြ ကိုယ့်ပိုက်ဆံကိုယ် ထည့်ပြီး အဲဒီလိုမျိုး သွားရာကနေ တကယ့် တကယ်တန်း Research Development မှာတော့ ကိုယ့်ပိုက်ဆံတွေ ဘယ်လောက်ပဲ သုံးသုံး တကယ် Production နဲ့ တောင်းလာတဲ့အရာတွေများလာတာနဲ့ အမျှ ပိုက်ဆံက မလောက်တော့ဘူး။

အဲဒီလို မလောက်တော့ ကော်မတီ အဖွဲ့ဝင်တွေ ကိုယ်စီမှာ စိုက်ထားရတဲ့ ပိုက်ဆံတွေ အရမ်းများလာတယ်။ များလာတဲ့ပိုက်ဆံတွေကို တစ်ခါခါ လန့်တောင်လန့်တယ်။ ငါတို့ ဒီလောက်တောင် စိုက်ထားတာမိသလားဆိုပြီး အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ အဲဒီအခါကျတော့ ပြည်သူကို ဒါကို ချပြလာတယ်ပေါ့။ အဲဒီတော့ Federal Wings ရဲ့ ပေ့မှာ ကျွန်မတို့ကို ကူညီနိုင်တဲ့ FRA ၊ FRA လို့ ဒီနေရာမှာ မသုံးဘဲနဲ့ ကျွန်မတို့ရဲ့ Wings တွေလို့ ကျွန်မတို့ သုံးပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်မတို့ ဖက်ဒရယ်ကို သွားမယ့် အတောင်ပံတွေ။ ဒီ အတောင်ပံတွေ မရှိရင် ကျွန်မတို့ ပျံလို့ မရဘူး။ အဲဒီတော့ ဒီအတောင်ပံတွေက ကျွန်မတို့ကို ကူညီနေတဲ့ အတောင်ပံတွေ ရှိတယ်။ အဲဒီအတောင်ပံတွေနဲ့ ချိတ်ဆက်ပြီး Federal Wings ကို ကူညီနိုင်ပါတယ်။ နောက်ပြီးတော့ ဒီရက်ပိုင်းလုပ်တဲ့ ကမ်ပိန်းတွေကတော့ ဘယ်လိုမျိုးလဲဆိုတော့ ကော်ဘရာဆိုလို့ရှိရင် တိုက်တာလည်း ၁ နှစ်ကျော်လောက် ကြာသွားတဲ့အခါမှာ ဒရုန်းတွေက ပျက်စီးလာတယ်။

နောက်ထပ် ထပ်ပြီးတော့ Maintenance လုပ်ရတာတွေ အသစ်လဲရတာတွေ ရှိလာတယ်။ ဒရုန်းပါ မရှိလို့ရှိရင် ဆက်ပြီးတော့ တိုက်ဖို့တောင်မှပဲ အားမရှိဘူးဆိုတာလိုမျိုးပေါ့နော်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့ဘက်ကလည်း ဒီ ဒရုန်းကို စဉ်ဆက်မပြတ်ပေးဖို့ရာ ကြိုးစားလာရတယ်။ အဲဒီလိုကြိုးစားလာရတဲ့အချိန်မှာ ပိုက်ဆံအရမ်းပြတ်သွားတဲ့အချိန်မျိုး၊ အဲဒီလိုတွေနဲ့ ပစ္စည်းပြတ်သွားတဲ့အချိန်မျိုးဖြစ်မှာ ကျွန်မတို့က အရမ်းစိတ်ပူရတယ်။

အဲဒီလို စိတ်ပူရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီအဖွဲ့တွေကိုပါ ပါဝင်ပြီးတော့ အလှူခံရရင် ကောင်းမယ် ကိုယ့်နေရာ ဒေသကို ဦးဆောင်ပြီးတော့လုပ်ပေးကြပါဆိုပြီးတော့ ကျွန်မတို့က ပြန်ပြီးတော့ တောင်းဆိုတဲ့အခါမှာ ကော်ဘရာရယ်၊ KNDF တပ်ရင်း ၁၅ ရယ်၊ နောက်ပြီးတော့ ယောဒေသရယ်။

ဒီ ၃ ခုက ကျွန်မတို့နဲ့ ပူးပေါင်းပြီးတော့ အခု သူတို့ကလည်း Wings တွေအနေနဲ့ ကူပြီးတော့ ပိုက်ဆံရှာပေးတယ်။ အဲဒီက ရတဲ့ပိုက်ဆံတွေနဲ့ ကျွန်မတို့က ဒီအဖွဲ့တွေ အတွက်ကိုလည်း ပြန်လည်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ အလုပ်လုပ်ပေးနိုင်ဖို့ရာအတွက်ကို မျှော်လင့်ပါတယ်။

နောက်တစ်ခုက ကျွန်မတို့က ဒရုန်းတစ်စင်းထဲ ပေးတာ၊ ဒရုန်းရောင်းတာ အဲဒါမျိုးတွေ ကျွန်မတို့က မလုပ်ချင်ဘူး။ တကယ့် တကယ်တန်းကျတော့ ဒရုန်းရဲ့ သဘောသဘာဝအရက Testing လုပ်နေတဲ့ ကာလမှာ ဟိုဟာလေးကျိုးသွားလိုက် ဒီဟာလေး ပဲ့သွားလိုက် ဒါမျိုးတွေက အမြဲတမ်းဖြစ်တယ်။

ဒီအတွက် ကျွန်မတို့ Spare Parts တွေ အပြည့်အစုံနဲ့ တစ်ခါတည်းပေးရပါတယ်။ အဲဒါမှလည်း ဒီသင်နေတဲ့ နည်းပညာတပ်သားကလည်း ဒါလေးပျက်သွားရင် ဒီနားလေးမှာ ချက်ချင်းဖြုတ်လဲလိုက် ဒါလေးဖြစ်သွားရင် ဘယ်လိုလုပ်လိုက်မယ်ဆိုတာ သိမှလည်း ဒီ ဒရုန်းက ဆက်ပြီးတော့ အလုပ်လုပ်လို့ ရတာပါ။ အဲဒီလိုမဟုတ်ရင် ဒရုန်းတွေက ပစ္စည်းလေးတစ်ခုပျက်သွားရင် မပျံနိုင်တော့တာနဲ့ အဲဒီ ဒရုန်းကို ချောင်ထိုးထားလိုက်မယ်ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူတွေရဲ့ ပိုက်ဆံက အလကားဖြစ်သွားမှာပေါ့နော်။

အဲဒီလိုမျိုး Waste ဖြစ်တာမျိုး လုံးဝမဖြစ်ရအောင် ပြည်သူတွေရဲ့ ပိုက်ဆံကို ပြည်သူတွေဆီက စပြီးတော့ အလှူခံပြီဆိုကတည်းက ဒီပိုက်ဆံကို စနစ်တကျအလေအလွင့် မရှိအောင် သုံးရမယ်ဆိုတဲ့ မူဝါဒက ဒီ Federal Wings ရဲ့ မူဝါဒထဲမှာ ပါပါတယ်။ အဲဒါကြောင့် ကျွန်မတို့ စာရင်းဇယားနဲ့အတိအကျလုပ်ကြသလို ဒီဟာတွေကို အလေအလွင့်မဖြစ်ဖို့ လုပ်တယ်။ အဲဒီလိုပဲ ဘယ်အရာမှ ပျက်သွားလို့မို့ ဒီနားမှာ ပုံထားတယ်ဆိုတာမျိုး ကျွန်မတို့ မလုပ်ရဘူး။

ဒီအပိုင်းကို ဘယ်လိုပြင်မလဲ ဘယ်လို အစားထိုးမလဲ။ အဲဒီ အစားထိုးနိုင်တဲ့ ပစ္စည်းတွေ ပြင်ဆင်ရမယ့် အပိုင်းတွေ အဲဒါတွေ အကုန်လုံး ကျွန်မတို့က ဒီဘက်မှာ ပံ့ပိုးပါတယ်။ အဲဒီလို ပံ့ပိုးမူတွေ လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဒီ Federal Wings က‌ တောင်းတဲ့ နေရာတွေ များလာတဲ့အမျှ တကယ်ကို ကျားကြီး ခြေရာကြီးဖြစ်လာပြီးတဲ့အခါကျတော့ ကျွန်မတို့ ဒီ ကော်မတီဝင် ၆ ဦးက အတော်ကို ငွေကြေးပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ အကုန်လုံး အကုန်လုံးမှာ အတော်မောပန်းလာတဲ့အခါတွေ ရှိတယ်။

ဒါပေမဲ့ ကျွန်မတို့ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ လုပ်ပါတယ်။ ပြည်သူတွေကသာ အတူတူပါဝင်ပေးမယ်ဆိုရင် ကျွန်မတို့အနေနဲ့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ပါလည်း ပါဝင်ပေးကြပါ။ ကျွန်မတို့ဘက်က အာမခံနိုင်တာက ထည့်ဝင်လိုက်တဲ့ အလှူငွေဟာ မှန်မှန်ကန်ကန်တိတိကျကျနဲ့ တကယ့် ဒရုန်းပရောဂျက်တစ်ခုစီကို ရောက်ရှိမယ်ဆိုတာ ကျွန်မတို့ အာမခံတယ်။ တစ်ခါ အဲဒီထည့်ဝင်လိုက်တဲ့ ပိုက်ဆံကြောင့် ဘယ်တော့မှ စိတ်မညစ်စေရပါဘူးဆိုတာကို ကျွန်မတို့ အာမခံတယ်။

ဘယ်တော့မှ ပြည်သူကို သစ္စာဖောက်တဲ့အလုပ်မျိုး မမှန်မကန်အလုပ်မျိုး မလုပ်ဘူးဆိုတာ ကျွန်မတို့ အာမခံတယ်။ နောက်တစ်ခါ ဒီငွေကြေးကို အလွဲသုံးစား မလုပ်ဘူးဆိုတာ ကျွန်မတို့အနေနဲ့အာမခံပါတယ်။ အဲဒါလေးကို ကျွန်မပြောချင်ပါတယ်ရှင်။

မေး။ ။ Federal Wings အနေနဲ့ အမြဲတန်းကြိုးစားနေတာလည်း တွေ့ရှိနေရတော့ ပြည်သူတွေ အားတက်စေမယ့် သတင်းစကားမျိုး နောက်ဆုံးအနေနဲ့ ပြောပြပေးပါဦးရှင်။

ဖြေ။ ။ ပြောရမယ်ဆိုလို့ရှိရင် Coup ဖြစ်တဲ့အချိန်မှာ မတရားတာကြီးကို မြင်လိုက်ရလို့ မနေနိုင်လို့ ကိုယ့်ရှိတဲ့ ပညာ ကိုယ့်ရှိတဲ့ ငွေကြေးစိုက်ထုတ်ပြီး လုပ်ကြတဲ့ လူတွေ ချည်းပဲ ဖြစ်ပါတယ်။ တော်လှန်ရေးပြီးသွားရင်လည်း အစ်မတို့ ကော်မတီက ဖျက်သိမ်းမယ်ဆိုတာလည်း ပြည်သူကို ပြောပြထားပြီးသား ဖြစ်ပါတယ်။

ကျွန်မတို့ ကော်မတီက ဖျက်သိမ်းမယ်၊ အောက်က PDF လူငယ်တွေကပဲ သက်ဆိုင်ရာ KNU ဆို KNU ထဲမှာ ဆက်ရှိမယ်။

PDF ဆိုလည်း MOD အောက်မှာ ဆက်ရှိမယ်။ ဒီလိုပုံစံအတိုင်းဆက်သွားမယ်။ ကျွန်မတို့ ဒီကော်မတီကတော့ ဖျက်သိမ်းသွားမှာ ဖြစ်တယ်။ အဲဒီအခါကျတော့ ကျွန်မတို့က ပြည်သူကို ဘာတွေ အားတက်စေချင်သလဲဆိုရင် ကျွန်မတို့ ကြိုးစားမယ် ကျွန်မတို့ ဘက်က နည်းပညာပိုင်းဆိုင်ရာရော Research Development ၊ နောက်တစ်ခါ ငွေကြေးစီမံခန့်ခွဲမှု၊ ပစ္စည်းဝယ်ယူမှုအလေအလွင့်မရှိဖို့။ ဒါတွေအကုန်လုံးကို ကျွန်မတို့ဘက်က အသေးစိတ်ကို ဂရုစိုက်ပြီးတော့ အလုပ်လုပ်ပါမယ်။ အဲဒီလိုပဲ ပြည်သူတွေက ကျွန်မတို့နဲ့အတူတူ ပူးပေါင်းပါဝင်ပေးပါ။

နောက်တစ်ခါ ကျွန်မတို့ ရဲဘော်တွေ ထိခိုက်နစ်နာသွားတဲ့ ရဲဘော်တွေကို ကျွန်မတို့ ဆေးကုသတာက စပြီးတော့ ဒီထိခိုက်နစ်နာသွားတဲ့ ရဲဘော်တွေ စိတ်ဓာတ်မကျစေဖို့ရာအတွက် ဥပမာ တိုက်ပွဲထဲမှာ တိုက်နေတဲ့ နည်းပညာရဲဘော်ကနေပြီး Training ပေးတဲ့ ရဲဘော်ပြန်ဖြစ်သွားတယ်။

ဘာလို့ဆို သူက တစ်ခုခု Disable ဖြစ်သွားပြီဆိုရင် သူ့ကို ကျွန်မတို့ ပစ်ပယ်မထားဘူး။ သူဟာ Training ဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုရင် သူက Logistic ပိုင်းကို ကိုင်တွယ်ရတဲ့ လူတစ်ယောက်ဖြစ်လာလိမ့်မယ်။

သူက Ware house မှာ မန်နေဂျာဖြစ်လာလိမ့်မယ်။ အဲဒီလိုမျိုး ပုံစံမျိုး ကျွန်မတို့ ပြန်ပြီးတော့ Train ပြီးတော့ ဒီတပ်သားတွေအပေါ်မှာ ပြန်ပြီးတော့ ဂရုတစိုက် ပြန်ပြီးတော့ လုပ်သွားမှာမျိုးတွေ ရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့ အခုလုပ်နေတဲ့ အလုပ်တွေ အပေါ်မှာ ပြည်သူကို အားတက်စေချင်တယ်ဆိုတာ တစ်ခုက ဘာရှိလဲဆိုရင် စကားတွေ အများကြီး ပြောပြီးတော့ ကျွန်မတို့ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ် ပြောတာထက် ကျွန်မ ပေးနိုင်တဲ့ ကတိ။

ကျွန်မတို့ ကော်မတီ ပေးနိုင်တဲ့ ကတိကတော့ မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ကတိကို ကျွန်မတို့ ပေးပါတယ်။ အဲဒီအတွက်ကြောင့် ဒီ Federal Wings ကိုလည်း အမြဲတန်း အမြဲတန်း စောင့်ကြည့်ပြီးတော့ တိုးတက်အောင် ထပ်ထပ်ပြီးတော့ လုပ်နေတာတွေ ရှိပါတယ်။

အခု ကျွန်မတို့ VTOL ကို ချပြသလို VTOL ပြီးရင် နောက်ထပ် ထပ်ပြီးတော့ လုပ်နေတဲ့ Project လေးတစ်ခု ရှိတယ်။ Research Development ။ အဲဒီဟာပါ ထွက်လာလို့ရှိရင် ပြည်သူတွေ အရမ်းကို ကျေနပ်အားတက်ရတဲ့ပစ္စည်းလေးတွေ ထပ်ပြီးတော့ ရလာမှာဆိုတဲ့အကြောင်း ကျွန်မ ထပ်ပြီးတော့ ပြောကြားချင်ပါတယ်။

အဲဒီလို Motivation ပေးချင်ပါတယ်။ အဲဒီတော့ VTOL အပြီးမှာ ထပ်ရလာမယ့်ပစ္စည်းဟာ ကျွန်မတို့အတွက် တော်လှန်ရေးအတွက် Game Changer တစ်ခုဖြစ်သွားနိုင်ပါတယ်။ အဲဒီလောက်အထိ ကျွန်မတို့ ကြိုးစားနေပါတယ်ဆိုတာလေးလည်း ပြောချင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

မေး။ ဟုတ်ကဲ့ပါရှင် အခုလိုမျိုး ရန်ကုန်ခေတ်သစ်ရဲ့ တွေ့ဆုံမေးမြန်းမှုကို အချိန်ပေးဖြေကြားပေးတာကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

ဒါကတော့ Federal Wings ရဲ့တာဝန်ရှိသူ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ Miss Federal Wings က တိုက်ပွဲဝင် ဒရုန်း‌တွေ အကြောင်း၊ နည်းပညာတပ်သားတွေအနေနဲ့ မြေပြင်မှာ တိုက်ပွဲဝင်နေမှု အနေအထား ၊ ဒရုန်းတွေ ထပ်မံလိုအပ်နေတဲ့အတွက် အားဖြည့်ဖို့လိုအပ်နေတာတွေနဲ့ပတ်သက်ပြီး ပြောပြပေးသွားတာပဲဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ စစ်ဆင်ရေးတွေ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်အခြေစိုက် Federal Wings ပူးပေါင်းအဖွဲ့ရဲ့ စစ်ဆင်ရေးနှင့် ဒရုန်းပြုပြင်ထိန်းသိမ်းရေးတာဝန်ခံ ကိုမှန်ကြီးနဲ့ NUG လက်အောက်က စစ်ကိုင်းတိုင်း ဒရုန်းတပ်ရင်းက ရဲဘော် ကိုဦးတို့ကို မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို သူတို့က အခုလို ပြောပြထားပါတယ်။

ကိုမှန်ကြီး

ကျွန်တော်ကတော့ KNU တပ်ရင်း ၈ နဲ့ Federal Wings ပူးပေါင်း ဒရုန်းအဖွဲ့မှ စစ်ဆင်ရေးနှင့် ဒရုန်းပြုပြင်ထိန်းသိမ်းရေးတာဝန်ခံ ကိုမှန်ကြီးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ ကရင်ပြည်နယ်ဘက်မှာဆိုရင် ကော်ဘရာ စစ်ကြောင်းနဲ့ KNU တပ်ရင်း ၈ က အဓိက Federal Wings နဲ့ ပူးပေါင်းထားတဲ့ အဖွဲ့တွေ ဖြစ်တယ်။

ကျွန်တော်တို့ KNU တပ်ရင်း ၈ နဲ့ Federal Wings ပူးပေါင်းအဖွဲ့အနေနဲ့ ပြောချင်တာက ဒီထက်ပိုပြီး ကောင်းမွန်တဲ့ နည်းပညာတွေနဲ့ပိုပြီး ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဆောင်ရွက်နေပါတယ်။ ဒီထက်ပိုကောင်းတဲ့ တာဝေးပစ်ဒရုန်းတွေ ကင်းထောက်ဒရုန်းတွေနဲ့ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့မှာ အစီအစဉ် ရှိပါတယ် ခင်ဗျာ။

Federal Wings အနေနဲ့ စတင်ပြီးတော့ ဒရုန်းဖွဲ့စည်းပြီးတော့ Mission တွေ စပြီး ဆောင်ရွက်ခဲ့တဲ့အချိန်မှာတော့ ထိခိုက် ကျဆုံးမှု စာရင်းတွေတော့ တင်ပြပြီး ဖြစ်မှာပါ။ ကျွန်တော်တို့ကျတော့ Federal Wings နဲ့ ကျွန်တော်တို့ KNU တပ်ရင်း ၈နဲ့ ပူးပေါင်းခဲ့စဉ်အချိန်က စပြီးတော့ တိုက်ပွဲတွေကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်တာတွေ ရှိပါတယ်။ အဲဒါတွေကို ပြောရမယ်ဆိုရင် မြဝတီမြို့တောင်ဘက် ထိကပ်ပလယ် စခန်းကုန်း ၊ ဝေါ်လေမြိုင် ဗျူဟာကုန်း ၊ ဒီ မော်ခီးစခန်းကုန်း၊ ကနဲလေး စခန်းကုန်း ။ ဒီ စစ်ကောင်စီ စခန်းကုန်းတွေကို Federal Wings နဲ့ ကျွန်တော်တို့ KNU တပ်ရင်း ၈ နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ သွားရောက်တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။

အဲဒီမှာ စစ်ကောင်စီဘက်က အကျအဆုံးတွေက ထိကပ်ပလယ် စခန်းကုန်း အဓိကက မြဝတီမြို့တောင်ဘက်မှာရှိတဲ့ ထိကပ်ပလယ် စခန်းကုန်းကိုတိုက်ခိုက်တဲ့အချိန်မှာ အောင်မြင်မှုတွေကတော့ ထိကပ်ပလယ် စခန်းကုန်းမှာ ရှိတဲ့ တပ်ခွဲမှူး ၂ ဦးမှာ ၁ ဦး သေဆုံးပြီး တစ်ဦးကတော့ အကြီးအကျယ် ဒဏ်ရာရတယ်လို့ ကျွန်တော်တို့ သတင်းရရှိတယ်။ ကျန် စစ်ကောင်စီတပ်သားတွေလည်း အသေအပျောက်စာရင်းတွေ ရှိတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်ပေါ့။ ဒါတွေ ကျွန်တော်တို့ သတင်းထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ ဝေါ်လေမြိုင် ဗျူဟာကုန်းကို KNU တပ်ရင်း ၈ နဲ့ Federal Wings ကနေပြီးတော့ သွားတိုက်တဲ့အချိန်မှာ ဝေါ်လေမြိုင် ဗျူဟာကုန်းကို အခြေပြု တပ်စွဲထားတဲ့ လက်နက်ကြီးကို Federal Wings ဒရုန်းကို အသုံးပြုပြီး သွားရောက်တိုက်တဲ့အခါ လက်နက်ကြီးကို ဖျက်ဆီးနိုင်ခဲ့တယ်။

ဝေါ်လေမြိုင် ဗျူဟာကုန်းမှာ တိုက်ခိုက်ခဲ့တဲ့အခါ ရရှိခဲ့တဲ့ အောင်မြင်မှုပေါ့။ နောက်တစ်ခု ကနဲ့လေး စခန်းကုန်းကို သွားရောက်တိုက်ခိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်နေပြီးတော့ KNU တပ်ရင်း ၈ နဲ့ Federal Wings ပူးပေါင်းဒရုန်းအဖွဲ့က ဒီ Federal Wings ဒရုန်းတွေကို အသုံးပြုပြီးတော့ တိုက်ခိုက်တဲ့အခါ ခလရ ၃၂ တပ်ရင်းမှူး ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။

ဒါ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ရှိတာပေါ့။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ထိကပ်ပလယ် စခန်းကို ထပ်တိုက်ခိုက်တယ်။ အဲဒီအချိန်မှာ စခန်းကုန်းမှာ ရှိတဲ့ အဆောက်အအုံတွေကို ဒရုန်းဗုံးသီးနဲ့ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ ဟုတ်ကဲ့ကျွန်တော်တို့အတွက် အောင်မြင်မှုတွေ ရရှိထားပါတယ် ဒရုန်းကို အသုံးပြုပြီးတော့။

ဘယ်ဒရုန်းမှ မလာစေရဆိုတဲ့ ဗျူဟာမှူး ၁ဦးရဲ့ ကြွေးကြော်သံကို ကျွန်တော်တို့ ကော်ဘရာနဲ့ Federal Wings ပူးပေါင်းအဖွဲ့တွေက သွားပြီးတော့ ကြွေးကြော်သံကြီးကို တိုက်ထုတ်ခဲ့တယ်။ ပြောချင်တာက ကျွန်တော်တို့ Federal Wings ဒရုန်းတွေက သူတို့ဘာသာ သူတို့ ဘယ်လောက်ပဲ Federal Wings ဒရုန်းတွေကို Anti Drone တွေ တပ်ထား တပ်ထား ကျွန်တော်တို့က သူတို့ထက် တစ်ဆင့်မြင့်တဲ့ နည်းပညာတွေ ရှာဖွေပြီးတော့ တိုက်ခိုက်သွားမယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် KNU တပ်ရင်း ၈ နဲ့ Federal Wings ပူးပေါင်းအဖွဲ့ဟာ မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ ဝေါ်လေမြိုင် ဗျူဟာကုန်းကိုလည်း သင်္ကန်းညီနောင် ဗျူဟာကုန်းနဲ့ အလားတူစွာ တိုက်ခိုက်နိုင်ခဲ့တဲ့ တိုက်ပွဲ ဖော်ဆောင်မှု ရှိပါတယ်။ အဲဒီမှာဆိုရင် ဝေါ်လေမြိုင် ဗျူဟာကုန်းမှာ အခြေပြုတပ်ဆင်ထားတဲ့ 122 ဟောင်ဝစ်စာ လက်နက်ကြီးကို ကျွန်တော်တို့ Federal Wings ဒရုန်းနဲ့အတူ လက်လုပ်ဗုံးသီးတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ဖြိုချဖျက်ဆီးနိုင်ခဲ့တယ်။ ပြောချင်တာက စစ်ကောင်စီဘက်က ကျွန်တော်တို့ကို ဘယ်လောက်ပဲ ကြွေးကြော် ကြွေးကြော် သူတို့ ကြွေးကြော်တဲ့ နေရာတွေအထိကို ကျွန်တော်တို့ ရောက်အောင် လာပါ့မယ်။

လာဖို့လည်း အလားအလာကောင်းတွေ ရှိပါတယ်။ နေပြည်တော်ကို ဘယ်နေ့ရောက်လာမလဲဆိုတဲ့ မေးခွန်းကတော့ ပြည်သူတွေအပေါ် မူတည်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ပြည်သူတွေနဲ့အတူတူ ပူးပေါင်းဆောင်ရွက်မှ ဒီထက်ကောင်းတဲ့ စစ်ရေးပစ္စည်းတွေနဲ့ ဒီထက်ကောင်းတဲ့ ဒရုန်းတွေကို ဖန်တီးနိုင်ပြီးတော့ ဒီထက်ကောင်းတဲ့ နည်းပညာတွေနဲ့ နေပြည်တော်အထိကို ချီတက်နိုင်မှာ ဖြစ်ပါတယ်။

နေပြည်တော်အထိ‌ ရောက်ဖို့ဆိုတာက ပြည်သူတွေအားလုံးက ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့ လိုလားချက် လိုအပ်ချက်တွေကို ဝိုင်းဝန်းအတူတကွ လက်တွဲပြီးတော့ ဆောင်ရွက်ပေးကြပါလို့ ကျွန်တော်တို့က ပြောချင်ပါတယ်။ မင်းအောင်လှိုင်က ကျွန်တော်တို့ကို ဘယ်လိုပဲ ဖြစ်ဖြစ် Anti Drone တွေ , Anti Drone Gun တွေနဲ့ ခြိမ်းခြောက် ခြိမ်းခြောက် ကျွန်တော်တို့ဘက်က မကြောက်ဘဲနဲ့ မင်းအောင်လှိုင်ဘက်က လူတွေပဲ ကြောက်စေရမယ်လို့ ကျွန်တော်တို့ဘက်က အာမခံပါတယ်။ သူတို့ဘက်က နည်းပညာကို ကျွန်တော်တို့ မကြောက်ပါဘူး။

ကျွန်တော်တို့ဘက်က လက်နက်ပစ္စည်းတွေကိုပဲ ကျွန်တော်တို့ ကြောက်နေရပါမယ်။ အဲဒီတော့ အခုဆိုရင် ကျွန်တော်တို့ ဒရုန်းကို မင်းအောင်လှိုင် တပ်သားတွေက အိပ်မက်ဆိုးလိုမျိုး ဖြစ်နေပြီးတော့ ကျွန်တော်တို့ ဒရုန်းနဲ့ ပတ်သက်လာရင် သူတို့ ကြောက်စိတ်တွေက လိုတာထက်ကို ပိုပြီးတော့ များနေပြီလို့ သိရှိရပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သူတို့ဘက်က ကျွန်တော်တို့ကို ဘယ်လောက်ပဲ တားဆီး တားဆီး သူတို့ရှိတဲ့နေရာကို ဒရုန်းတွေက ရောက်အောင် ပျံသန်းသွားမယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

ရဲဘော်ကိုဦး

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော် ရဲဘော်ကိုဦးပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၈၀၁ စစ်ကိုင်းဒေသမှာ တာဝန်ထမ်းဆောင်နေပါတယ် ခင်ဗျာ။ ကျွန်တော်တို့ အဖွဲ့ကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က စစ်ကိုင်းခရိုင် ပကဖ မှ တစ်ဆင့် ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနမှ တင်ပြအကူအညီတောင်းခံမှုကြောင့် Federal Wings နှင့် အထောက်အပံ့ရရှိပြီး အခုဆိုရင် စစ်ကိုင်းတိုင်းဒေသအတွင်းမှာ ဒရုန်းစစ်ဆင်ရေးများကို စတင်ဆောင်ရွက်နေပါပြီ ခင်ဗျာ။

Federal Wings ဒရုန်းများနှင့်တိုက်ခိုက်ရာမှာ စစ်ကောင်စီနှင့် Jammer နဲ့ ဒရုန်းပစ်လက်နက်များကို Federal Wings ဒရုန်းရဲ့ နည်းပညာအကူအညီများနှင့် ကျော်လွှားတိုက်ခိုက်နိုင်ခဲ့ပါတယ်။ လုပ်ဆောင်ပြီးခဲ့တဲ့ စစ်ရေးများကို ပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါမှာ ရန်သူ စကစများ ခြေကုတ်ယူထားတဲ့ နေရာများကို တိတိကျကျ တိုက်ခိုက်နိုင်ပြီး စကစ ဘက်မှ ထိခိုက်သေဆုံး ကျဆုံးမှုများစွာ ရှိတယ်လို့ သတင်းရရှိပါတယ် ခင်ဗျာ။

ကျွန်တော်တို့ အဖွဲ့ဟာ သက်ဆိုင်ရာ ခရိုင် ကွပ်ကဲရေးအဖွဲ့ရဲ့ ကွပ်ကဲနေမှုကို ခံယူပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း ဆေင်ရွက်နေပါတယ်။ စစ်ကိုင်းတိုင်း ဒေသတစ်ဝန်း Federal Wings ဒရုန်းများ ဆက်လက် အတောင်ပံဖြန့်နိုင်ဖို့ တာဝေးပစ် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ဖို့၊ အဆင့်မြင့် ဖျက်အားပြင်း ဗုံးသီးများ ထုတ်လုပ်ကာ ကင်းထောက်ဒရုန်းများ ဆက်လက်တပ်ဆင်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ထောက်တိုင်များ အားလုံးချေမှုန်းတိုက်ခိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ Federal Wings အဖွဲ့ကို ဆက်လက် ကူညီထောက်ပံ့ပေးပါလို့ ပြည်သူလူထုကြီးအားလုံးကို မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံ အောင်ရမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article