34 C
Yangon

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက မတရား သတ်ဖြတ် ကြိုးပေးစီရင်သည့် ပထမ နှစ်ပတ်လည်နေ့ အောက်မေ့ဂုဏ်ပြု အခမ်းအနား ယနေ့ ပြုလုပ်မည်

Must read

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက မတရား သတ်ဖြတ် ကြိုးပေးစီရင်သည့် ပထမ နှစ်ပတ်လည်နေ့ အောက်မေ့ဂုဏ်ပြု အခမ်းအနား ယနေ့ ပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၂၃

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးစီရင်သည့် ပထမ နှစ်ပတ်လည်နေ့တွင် ၎င်းတို့အပါအဝင် နွေဦးအာဇာနည်များကို အောက်မေ့ဂုဏ်ပြုအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဥသြဆွဲ အလေးပြုမည်ဖြစ်ကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေးတွင် ကျဆုံး အာဇာနည် များဖြစ်သော ကိုဂျင်မီ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် အခြားသော နွေဦးအာဇာနည် များ အတွက် အမှတ်တရ အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ပြည်သူလူထုမှ ပူးပေါင်း ပါဝင်ရန် တော်လှန်ရေး အင်အားစုများမှ တိုက်တွန်းထားသည်။

အခမ်းအနားကို ကျဆုံးသူရဲကောင်းများအား အလေးပြုခြင်း၊ အောက်မေ့ဂုဏ်ပြုခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊ ဥဩဆွဲခြင်း၊NUGအပါအ၀င် လူမျိုးစုတော်လှန်ရေးခေါင်းဆောင်များမှ တက်ရောက်စကားပြောကြားခြင်း ဟူသည့် အစီအစဥ် (၄) ရပ်ဖြင့် ပြုလုပ်သွားမည် ဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကာ ဥဩဆွဲချိန်၌ လူထုမှ ငြိမ်သက်အလေးပြုခြင်းဖြင့် ပါဝင်ပေးရန် တောင်းဆိုထားသည်။

ကိုဖြိုးဇေယျာသော် ၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို အကြမ်းဖက် စစ်ကောင်စီ က ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က မတရားသဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သေဒဏ် ချမှတ်ခြင်း ခံရသူပေါင်း ၁၁၅ ဦးထိ ရှိလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article