38 C
Yangon

သထုံမြို့နယ်၊ ကဇိုင်းကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

Must read

သထုံမြို့နယ်၊ ကဇိုင်းကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဇိုင်းကျေးရွာနှင့်အနီးအနားကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ် ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ကြာပန်းအမြောက်တပ် (အမတ ၂၀၆) တပ်ရင်းမှ ပြည်သူလူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ရာ သထုံမြို့နယ်၊ အစူးအင်းကျေးနယ်၊ ကဇိုင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြိး အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း ဘယ်ဘက်ခြေသလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၂၁ ရက် ည ၈ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ၇ လုံး ထပ်မံပစ်ခတ်ရာ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ သည် ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၉ တပ်ရင်းနှင့် (အမတ-၃၁၄)တပ်ရင်း များသည် မကြာခဏ လက်နက်ကြီး ပစ်ခတ်လျက်ရှိပြီး ထိုသို့လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်တွင်းရှိ ရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာ၊ အဝင်းကြီးကျေးရွာ များရှိ အရပ်သား အိမ်ထောင်စုပေါင်း ၅၀၁ စု မှလူဦးရေ ၂၈၉၂ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေကြ ရ သည့်အပြင် ခလောက်အင်း၊ မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်း စသည့် ကျေးရွာများ မှ ပြည်သူအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူလူထုများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article