30 C
Yangon

စစ်ကောင်စီက ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာ

Must read

စစ်ကောင်စီက ကျပ်ငွေ နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာ

ရန်ကုန်၊ ဇူလိုင် ၂၃

အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် နှစ်သောင်းတန် ထုတ်ဝေမည်ဖြစ် ကြောင်း စစ်ကောင်စီပိုင် သတင်းမီဒီယာများက ယနေ့ ထုတ်ပြန် ကြေညာသည်။

ဆင်ဖြူတော်၏ ၁ နှစ်ပြည့် မွေးနေ့ နှင့် မာရဝိဇယ ဘုရားဆင်းတု ပြီးစီးသည့် အထိမ်းအမှတ် ငွေကျပ် နှစ်သောင်းတန်ကို ဇူလိုင် ၃၁ ရက်နေ့ စတင်ထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီက ဘဏ္ဍာရေးလိုငွေပြမှုနှင့် ဒေါ်လာဝင်ငွေနည်းပါးလာသည့်အခြေအနေနှင့် ဘဏ္ဍာရေး ဆိုင်ရာ အကျပ်အတည်းများရှိလာချိန်တွင် ငွေကျပ် နှစ်သောင်းတန်ကို ထုတ်ဝေလာခြင်းဖြစ်ပြီး စစ်ကောင်စီက အကန့် အသတ်ဖြင့်သာ ထုတ်ဝေမည်ဟု ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article