28 C
Yangon

ကျောက်တံခါးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

Must read

ကျောက်တံခါးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊သမင် အင်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNLA – PDF Kyaukkyi News ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက်ညပိုင်းက အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၂၆၄ ၊ ခမရ ၃၀၇၊ ခမရ ၃၀၈ တပ်များမှ ကျောက် တံခါးမြို့နယ်အတွင်းသို့ နေ့ရောညပါ ၁၂၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာထဲသို့ကျရောက် ပေါက်ကွဲမှု၌ မိသားစုဝင် ၄ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ညဆိုရင် တော်လှန်ရေးအင်အားစုတွေ ကျောက်တံခါး ၊ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်လာတယ် သတင်းကြားတော့ လူထုကို တိုက်ခိုက်တယ်လို့ ယူဆတယ် ၂၃ ရက်နေ့ ညကဆို လက် နက် ကြီး ၈ ချက်လောက် ပစ်တယ် အိမ်ပါတုန်သွားတယ်၊ ဘာမှ အလုပ်လုပ်လို့ မရတော့ဘူး ခလေးတွေလည်း အရမ်းကြောက် နေကြတယ် သေဆုံးသွားတဲ့ မိသားစုတွေက အိပ်နေရင်း လက်နက်ကြီးကျတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်ရှိလာသည်ဟု ဆိုကာ ကျေးရွာနေပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက်သားအချို့မှာ ညပိုင်းတွင် သူဌေးကုန်းကျေးရွာအတွင်းရှိ ရထားလမ်း၊ ကားများတွင် လူစုခွဲကာ ကင်း ပုန်း ဝပ်နေမှုလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီ ၏ ခလရ ၂၆၄ ၊ ခမရ ၃၀၇ ၊ ခမရ ၃၀၈ တပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ သမင်းအင်ကုန်း ကျေး ရွာနှင့် ငါးဖယ်အင်း ကျေးရွာတို့အ တွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦးသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article