28 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို KNLA-PDF ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်ခြေမှုန်းရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့် အပါအဝင် ၄၁ ဦးသေသွားသလို ၊ KNLA/PDF ပူးပေါင်းတပ်က ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူ သွားရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

-ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဘုရားကုန်း နဲ့ တာဝါတိုင်စခန်း တိုက်ပွဲမှာ တပ်ဆုတ်ဖို့ အမိန့်မရဘဲ ဆုတ်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၂ တပ်ရင်းမှူး နဲ့ ဒုတပ်ရင်းမှူးတွေကို အကြမ်းဖက် စစ်တပ်က အချင်းချင်း ဖမ်းဆီး ထောင်ချထားတာကို သိရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

– ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က ဒေသအခေါ် ရန်အောင်-စေတီကုန်းအနီးမှာရှိတဲ့ အကြမ်းဖက် စစ်တပ် ကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေကနေ ပူးပေါင်းတိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article