38 C
Yangon

မူဆယ်မြို့နယ်ရှိ စယ်လန့်ကျေးရွာအနီး စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

Must read

မူဆယ်မြို့နယ်ရှိ စယ်လန့်ကျေးရွာအနီး စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ စယ်လန့်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း TNLA တပ်ဖွဲ့က ထုတ်ထားသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်မြို့မှ စယ်လန့်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်မဟာ ၁ ၊ တပ်ရင်း ၁၁၂ မှ အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပြီးဆုံးကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၇ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက် ပျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က မူဆယ်မြို့မှ တိုက်ပွဲဖြစ်ပွားခဲ့ရာ စယ်လန့်ကို စစ်ကားနှင့် လူအင်အားများစွာပေးပို့လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ခြေရှိကာ စောင့်ကြည့်နေသည့် အခြေအနေတွင်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ပြီး စစ်အင်အား ထပ်မံဖြည့်တင်းလာသောကြောင့် စယ်လန့်ဒေသခံမှ ပြည်သူများသည် မန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရွာလုံးကျွတ်ထွက်ပြေးခိုလှုံနေကြရကြောင်း TNLA ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article