36 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

Must read

ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ တောင်ကြာအင်း ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ စကခ ၉၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီး တောင်ကြာအင်းကျေးရွာနေမှ ဒေါ်ခင်သန်းရွှေ၏ နေအိမ် ၁ လုံးမှာ ပျက်စီးခဲ့ပြီး အိမ်အသုံးအဆောင်များနှင့် မြက်ရိတ်စက် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၉၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့နယ်၊ ရေလည်ကုန်း ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၃၀ အရွယ် နော်ဆိ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article