29 C
Yangon

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်သူ ၉၀၀၀ ကျော် ထိုင်းနိုင်ငံမြောက်ပိုင်း သို့ ထွက်ပြေး တိမ်းရှောင်နေရ

Must read

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်သူ ၉၀၀၀ ကျော် ထိုင်းနိုင်ငံမြောက်ပိုင်း သို့ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကရင်နီ ပြည်နယ်(ကယားပြည်နယ်) က အိုးအိမ်စွန့်ခွာထွက်ပြေးလာရတဲ့ ပြည်သူ ၉၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်က ခရိုင် ၃ ခုရှိ ဒုက္ခသည်စခန်း (၅)ခုမှာ သွားရောက်ခိုလှုံနေရတယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက မနေ့က သတင်း ဖော်ပြခဲ့ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်‌ဆောင်လာတာကြောင့် ထိုင်း-မြန်မာ နယ်စပ်မှာ စစ်ဘေးရှောင်နေရသူတွေ ပိုမိုများပြားလာတယ်လို့ ဘန်ကောက်ပို့စ်သတင်း က ဆိုပါတယ်။

ထိုင်းနိုင်ငံက တာဝန်ရှိဒေသခံတွေရဲ့ အဆိုအရ မဲဆာရီယန်၊ ခွန်ယွမ်နဲ့ မောင်း ခရိုင်တို့မှာ မြန်မာဒုက္ခသည် ၉၀၆၄ ဦး လာရောက်ခိုလှုံနေကြရပြီး လက်ရှိမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးအပ်ထားတယ်လို့ သိရပါတယ်။

ဒုက္ခသည် စခန်း ၅ ခုမှာ ရောက်ရှိနေကြတဲ့ ဒုက္ခသည်ဦးရေမှာ-

၁။ မယ်ဆာရီယန်ခရိုင် စဝ်ဟင်မြို့နယ်ထဲက ဘန်စဝ်ဟင်မှာ ၃,၄၃၁ ဦး၊

၂။ မယ်ဆာရီယန်ခရိုင် မဲခေါင်ဒေသ ဘန်ဂျိုပရာခီ ၇၂၆ ဦး၊

၃။ မယ်ဆာရီယန်ခရိုင် မဲခေါင်ဒေသ ဘန်အန်နူ ၃၁၆ ဦး

၄။ ဘန်ခွန်ယွမ်ခရိုင် မယ်ကီရွာက ဘန်ဖေခေးမှာ ၈၂ ဦး၊

၅။ မောင်း ခရိုင် ပန်းဂမိုးဒေသ ဘန်မိုင်နိုင်ဆွိုင်မှာ ၃၇၇၁ ဦး အသီးသီး ခိုလှုံနေကြရပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်က ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၆ နာရီမှစတင်ကာ ၂၄ နာရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ကရင်နီ တပ်မ တော် (Karenni Army-KA) အဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရ ပါတယ်။

ဒီလို ဆိုးရွားပြင်းထန်တဲ့ တိုက်ခိုက်မှုမှာ FTC-200G နဲ့ K-8 လေယာဉ်တွေကို အသုံးပြုခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ- ကရင်နီပြည်မှ ထိုင်းနိုင်ငံထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများ။

Photo Credit- The Nation ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article