29 C
Yangon

မြန်မာနိုင်ငံတွင် အခြေပြုနေသော ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကြောင့် တရုတ်နိုင်ငံထိခိုက်နေသဖြင့် အစွမ်းကုန်နှိမ်နင်းရန် တရုတ်သံအမတ်က စစ်ကောင်စီကို ဖိအားပေး

Must read

မြန်မာနိုင်ငံတွင် အခြေပြုနေသော ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများကြောင့် တရုတ်နိုင်ငံထိခိုက်နေသဖြင့် အစွမ်းကုန်နှိမ်နင်းရန် တရုတ်သံအမတ်က စစ်ကောင်စီကို ဖိအားပေး

ရန်ကုန်၊ ဇူလိုင် ၂၆

မြန်မာနိုင်ငံတွင် အခြေပြုနေသော ဆက်သွယ်ရေးလိမ်လည်မှုများနှင့် အွန်လိုင်း လောင်းကစားမှုများကြောင့် တရုတ်နိုင်ငံထိခိုက်နေသဖြင့် အစွမ်းကုန်နှိမ်နင်း ရန် တရုတ်သံအမတ်က စစ်ကောင်စီကို ဖိအားပေးကြောင်း ရန်ကုန် တရုတ် သံရုံးက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် သံအမတ်ကြီး Mr. Chen Hai သည် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့်တွေ့ဆုံပြီး တရုတ် နိုင်ငံနှင့် တရုတ်ပြည်သူ များကို ထိခိုက်နေသော မြန်မာနိုင်ငံပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့်ရာဇဝတ်မှုများကို အစွမ်းကုန် နှိမ်နင်း ရန် ဖိအားပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် ဆက်သွယ် ရေးလိမ်လည်မှု ရာဇဝတ်မှုများ ပျံ့နှံ့နေမှုအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ၊ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းတိုက်ဖျက်နှိမ်နင်းမှုများ ဆောင်ရွက် ခဲ့ရာ ကနဦးအနေဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက် လျက်ရှိသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံ နယ်စပ် ဒေသများတွင် ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်လက်များ ပြားနေ ဆဲ ဖြစ်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ ကိုယ်ပိုင် အကျိုး စီးပွားများကို ဆိုးရွားစွာ ထိခိုက်နေကြောင်း တရုတ်သံအမတ်က ဆိုသည်။

တရုတ်နိုင်ငံအစိုးရသည် ယင်းအပေါ် များစွာအလေးထားပြီး တရုတ် ပြည်သူ များ ကလည်း အလွန်မုန်းတီးကြောင်း၊ နှစ်ဦးနှစ်ဖက်သည် အားကောင်း သော အစီ အမံများကို ဆက်လက်ဆောင်ရွက်၍ အခြားသက်ဆိုင် ရာအိမ်နီးချင်း နိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်ကာ နောက်တစ်ဆင့် ပူးပေါင်းတိုက်ဖျက် နှိမ်နင်း မှုများ လုပ်ဆောင်သင့်ကြောင်း၊ ဆက်သွယ်ရေးလိမ်လည်မှုများ ခိုအောင်း နေ သည့် နေရာများကို အစွမ်းကုန် နှိမ်နင်း၍ ပိတ်မိနေသော တရုတ်နိုင်ငံ သား များကို ကယ်တင်ကာ မြန်မာနိုင်ငံ ပြည်တွင်းရှိ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု အကြွင်း အကျန်များကို အမြစ်ဖြတ်ပစ် ရမည် ဖြစ် ကြောင်း၊ ရာဇဝတ်မှု ကျူးလွန် သောအင်အားစုများနှင့် ၎င်းတို့၏ အဖွဲ့ဝင် များ ကို ဥပဒေနှင့်အညီ အရေးယူပြီး အခြေအနေကို ထိန်းသိမ်းရန် ပြောဆိုသည်။

စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေက အွန်လိုင်း လောင်းကစားနှင့် ဆက်သွယ်ရေး လိမ်လည်မှုများကို တိုက်ဖျက်နှိမ်နင်းရေး ပုံမှန်ယန္တရား ထူ ထောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article