29 C
Yangon

မင်းတပ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်း များကိုဖျောက်ဖျက်

Must read

မင်းတပ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်း များကိုဖျောက်ဖျက်

ရန်ကုန်၊ ဇူလိုင် ၂၇

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ PCM ဘုရားကျောင်း၌ စစ်ဘေး တိမ်းရှောင် နေသည့် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများ ပြန်မပေးဘဲ ဖျောက်ဖျက်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် မင်းတပ်မြို့ အနောက်ရပ်ကွက် PCM ဘုရားကျောင်း တွင် စစ်ဘေးရှောင်နေသည့် ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၄ တပ်ရင်းမှ စစ်သားများက အကြောင်းမဲ့ တပ်ထဲသို့ ဖမ်းဆီးခေါ် ဆောင် သွားပြီး နှိပ်စက်မှု ပြုလုပ်နေစဥ် ပြည်သူ ၁ ဦး လွတ်မြောက်လာကာ ကျန် ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦးမှာ ဦးဟုန်းကီး၊ ဦးချိုင်းကီး နှင့် ဦးဟုန်းချွဲ တို့ဖြစ်ပြီး မိသားစုဝင်များကို ရုပ်အလောင်း ပြန်ပေး ခြင်း မရှိကြောင်း သိရှိရသည်။

” စစ်ခွေးတွေ အကြောင်းမဲ့ ဖမ်းဆီးသွားတုန်းက ၄ ဦးလို့သိရတယ်။ ၁ ဦးက ထွက်ပြေးနိုင်လို့ ပြန်လွတ်လာတယ်။ ကျန် ၃ ဦးကို နှိပ်စက် သတ်ဖြတ်ပြီး မိသားစုတွေကိုလည်း ရုပ်အလောင်းတွေ ပြန်မပေးဘူးလို့ သိရတယ်။ ပြန်လွတ်လာတဲ့သူကတော့ ဆေးကုသမှု ခံယူနေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ပြည်သူ ၃ ဦး မင်းတပ်မြို့ပေါ်တွင် နေထိုင်သူများဖြစ်ပြီး တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် ကျေးရွာများဘက်ကို စစ်ဘေးတိမ်းရှောင်ကာ မင်းတပ် မြို့ပေါ်၌ စိုက်ပျိူးထားသည့် ဝဥ(ဖျံဥ) များကို ပေါင်းရှင်းရန် မင်းတပ် မြို့ပေါ် ပြန်တက်လာပြီး ဘုရားကျောင်း Camp တွင် စစ်ဘေးရှောင်နေစဥ် အကြမ်း ဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်၏ သတ်ဖြတ်မှု ခံရသည့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article