31 C
Yangon

အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန်ရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်

Must read

အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန်ရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်

ရန်ကုန်၊ ဇူလိုင် ၂၇

အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန် မြန်မာရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်နေကြကြောင်း အခင်းဖြစ်ပွားသည့် နေရာမှ မြန်မာ San Lin ၏ လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မှုအရ သိရှိရသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရဗေးဧရိယာ သို့ လာရောက်သည့် သဘာ၀ တရားရိပ်သာ ဘုန်းကြီးကို အမေရိကန်ရောက် မြန်မာများက သင်္ကန်းခြုံ စစ်မိစ္ဆာ ဘုန်းကြီး Get Out ဟူ၍လည်းကောင်း၊ အိုးခွက်များတီး၍ လည်းကောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး သဘာ၀ တရားရိပ်သာ ဘုန်းကြီးသည် ကားထဲတွင် ၁ နာရီခွဲနီးပါး အပြင်သို့ မထွက်နိုင်ကြောင်း၊ ကားအတွင်းမှ ပြင်ပသို့ ဖုန်းဖြင့် ဆက်သွယ်၍ စကားပြောကြရာတွင် အကြမ်း ဖက် မင်းအောင်လှိုင်ကျူးလွန်သော ပြစ်မှုများအပေါ် မှတ်ချက်မပေးဘဲ နေသဖြင့် ဆန္ဒပြသူများက အမေရိကန်မှ ထွက်သွားရန် ဆန္ဒပြကြကြောင်း၊ အမေရိကန်ရဲကား ၂ စီးလာရောက်ခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို အားပေး ထောက်ခံပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

“ဒီဘုန်းကြီးနဲ့ပတ်သက်တဲ့သူတွေကို Social Punishment လုပ်ရမယ်။ လူမှုအသိုင်းအဝိုင်း အပြင်ဘက်မှာ နေရမယ်” ဟု ဆန္ဒပြ မြန်မာတစ်ဦးက ပြောဆိုနေသည်။

သဘာ၀တရားရိပ်သာဘုန်းကြီးသည် စစ်ဗိုလ်ချုပ်များနှင့်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ အနားယူရန် NLD နာယက ဦးတင်ဦးကို သွားရောက် ပြောဆိုခဲ့သည့်အတွက် အကြီးအကျယ် ဝေဖန်မှုများ ခံခဲ့ရသူလည်း ဖြစ်သည်။

ဓာတ်ပုံ- သဘာ၀ရိပ်သာဘုန်းကြီး လိုက်ပါသည့် ကားရပ်နားထားပြီး ကားထဲမှ မထွက်နိုင်ဘဲဖြစ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article