28 C
Yangon

စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင် ငွေစက္ကူ များအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ

Must read

စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင် ငွေစက္ကူ များအဖြစ် သတ်မှတ်ကြောင်း NUG ကြေညာ

ရန်ကုန်၊ ဇူလိုင် ၂၇

အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်သည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်း ခံထားရသည့် တရား မဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟို ဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ အဆိုပါလုပ်ရပ် သည် အဖက်ဖက်က အကျပ်အတည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုး အစား သစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ် စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်ကြောင်း၊ တရားမဝင်ငွေစက္ကူများ ရိုက်နှိပ် ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်ကြောင်း၊ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များ ကြောင့် ယခင် မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါ တို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက် စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG က ထောက်ပြထားသည်။

သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေ မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသား ညီညွတ် ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရ များက အသိအမှတ် ပြုမည်မဟုတ်ကြောင်းနှင့်တရားမဝင်ငွေစက္ကူများအဖြစ်သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article