37 C
Yangon

မြန်မာစစ်တပ်က ထုတ်လုပ်သော ၁၂၀ မမ လက်နက်ကြီးကျည်ဆန်များကို ရှရှားက ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုနေ

Must read

မြန်မာစစ်တပ်က ထုတ်လုပ်သော ၁၂၀ မမ လက်နက်ကြီးကျည်ဆန်များကို ရှရှားက ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုနေ

■ မတ်လတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက က မြန်မာစစ်လက်နက် ပစ္စည်းများကို ရုရှားက ဝယ်ယူမည့် သတင်းဖော်ပြခဲ့

ရန်ကုန်၊ ဇူလိုင် ၂၇

အကြမ်းဖက် မြန်မာစစ်တပ်က ထုတ်လုပ်သော ၁၂၀ မမ လက်နက်ကြီး ကျည်ဆန် များကို စစ်မြေပြင်တွင် ရုရှားက ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုနေကြောင်း ယူကရိန်းဘက်က ထုတ်ပြန်ပြောဆိုသည်။

ယူကရိန်းက စစ်မြေပြင်တွင် မပေါက်ကွဲသေးဘဲ ကျန်ရှိသည့် ၁၂၀ မမ လက်နက်ကြီးကျည်၏ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ပြောဆိုခြင်းဖြစ်ပြီး ရုရှားအနေဖြင့် မြန်မာစစ်တပ်ထုတ် လက်နက်ကြီးကျည်ဆန်များကို အသုံးပြုနေသည်ကို ထင်ရှားစွာ တွေ့မြင်ရခြင်းဖြစ်သည်ဟုဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ်က ထုတ်လုပ်သည့် လက်နက်ခဲယမ်းနှင့်ကျည်များ ရုရှားက ဝယ်ယူမည်ဖြစ်ကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

မြန်မာအကြမ်းဖက် စစ်တပ်လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများက ထုတ်လုပ်သည့် လက်နက်ခဲယမ်းနှင့် ကျည်များကို ရုရှားက ဝယ်ယူမည်ဖြစ် ကြောင်း၊ မြန်မာစစ်တပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) များက ထုတ်လုပ်သည့် လက်နက် ကြီးကျည်များ၊ သေနတ်ကျည်များနှင့် ခဲယမ်းများကို အဓိက ဝယ်ယူမည်ဖြစ်ပြီး ယင်းသို့ ဝယ်ယူရန်အတွက် ရုရှား စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များ မြန်မာသို့ လာရောက် ဆွေးနွေးမှုများရှိခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရရှားစစ် တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် အဖွဲ့ နေပြည်တော်သို့ လာရောက်စဉ် ဆွေးနွေးခဲ့သည့် အ ကြောင်း အရာများတွင် မြန်မာစစ်တပ်ထုတ် လက်နက် ခဲယမ်းများကို ရုရှားကပြန်လည်ဝယ်ယူမည့်ကိစ္စများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မြေပြင်တွင် ယူကရိန်းကို တိုက်ခိုက်ရာတွင် ရုရှားက အသုံးပြု နေသည့် မြန်မာစစ်တပ်ထုတ် ၁၂၀ မမ လက်နက်ကြီးကျည်ဆန် မပေါက် ကွဲသေးဘဲ တွေ့မြင်ရစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article