30 C
Yangon

မြောက်ဥက္ကလာတွင် ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ကားတချို့ လာရောက်၊ စစ်တပ်က မြောက်ဥက္ကလာအ၀ိုင်းနှင့်နေရာအများအပြားကို ပိတ်ဆို့ စစ်ဆေးနေ

Must read

မြောက်ဥက္ကလာတွင် ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ကားတချို့ လာရောက်၊ စစ်တပ်က မြောက်ဥက္ကလာအ၀ိုင်းနှင့်နေရာအများအပြားကို ပိတ်ဆို့ စစ်ဆေးနေ

ရန်ကုန်၊ ဩဂုတ် ၁

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ အ၀ိုင်းအနီးတွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ကားတချို့ လာရောက်ခဲ့ကာ စစ်တပ်က မြောက်ဥက္ကလာအ၀ိုင်းနှင့်နေရာအများအပြားကို ပိတ်ဆို့ စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် မြောက်ဥက္ကလာမြို့နယ် အ၀ိုင်းမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး ခဏအကြာတွင် လူနာတင်ကားများ ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က မြောက်ဥက္ကလာပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာပ၊ မော်ကျွန်း မှတ်တိုင်နားမှာ အသေစစ်နေတယ်။ အဲဒီမှတ်တိုင်နားမှာ မီတာရုံးရှိတယ်။တစ်ယောက် ယောက် သူတို့ကို လာပစ်သွားတယ် ထင်တယ်။အင်္ကျီ အနက်နဲ့ လူကိုရှာနေတာ ကြားတယ်ီနှစ်နေရာမှာ ပိတ်ရှာနေတက နောက်တစ်နေရာက ကျိန်စက်ကြာ ဘုရားကျော်လာရင် လမ်းဆုံတစ်ခုရှိတယ် ညာဘက်ချိုးရင် ကြိုးတံတား တစ်ခုရှိတယ်။အဲဒီနားမှာလည်း ပိတ်ရှာနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

မြောက်ဥက္ကလာအ၀ိုင်းအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကမူ ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန် ပေါက်ကွဲသော ဗုံးပေါက်ကွဲသံမှာ အလွန်ကျယ်လောင်ကြောင်း ပြောဆိုသည်။

“မကြားတာကြာပြီ။ အသံကတော့ အောင်ချက်။ အဝိုင်းလောက်က ပေါက်တဲ့အသံ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ရန်ကုန်တွင်ပိတ်ဆို့စစ်ဆေးနေသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

ရန်ကုန်တွင်ပိတ်ဆို့စစ်ဆေးနေသည့် အကြမ်းဖက်ရဲများ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article