36 C
Yangon

စစ်ကိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယား၊ ကရင်၊ ချင်းပြည်နယ်၊ တနင်္သာရီ နှင့် ပဲခူးတိုင်း အရှေ့ခြမ်းတို့ကို စစ်ကောင်စီက မထိန်းနိုင်တော့ကြောင်း မြင့်ဆွေနှင့် မင်းအောင်လှိုင်တို့ ဝန်ခံရ

Must read

စစ်ကိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယား၊ ကရင်၊ ချင်းပြည်နယ်၊ တနင်္သာရီ နှင့် ပဲခူးတိုင်း အရှေ့ခြမ်းတို့ကို စစ်ကောင်စီက မထိန်းနိုင်တော့ကြောင်း မြင့်ဆွေနှင့် မင်းအောင်လှိုင်တို့ ဝန်ခံရ

ရန်ကုန်၊ ဩဂုတ် ၂

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်းတို့တွင် တိုက်ပွဲများ ဖြစ်ပွား နေပြီး ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း အကြမ်းဖက် မင်းအောင် လှိုင်နှင့် ယာယီသမ္မတ အမည်ခံ မြင့်ဆွေတို့က ဝန်ခံလိုက်ကြသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောက်စီ အစည်းအဝေးတွင် မင်းအောင်လှိုင်နှင့် မြင့်ဆွေတို့ ၂ ဦးစလုံးက အထက်ပါ အတိုင်း ဝန်ခံခဲ့ကြခြင်းဖြစ်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပရန် အခင်းအကျင်း ၂ ခု တင်ပြခဲ့ပြီး ပထမ အခင်းအကျင်းအရ လက်ရှိပစ်ခတ်တိုက်ခိုက်မှု၊ အကြမ်း ဖက်မှု၊ ဥပဒေမဲ့ပြုကျင့်မှုများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီးမြောက်ဘက်ခြမ်း နေရာအချို့၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ နေရာအနည်းငယ်တို့ကို ချန်လှပ်ပြီး ရွေးကောက်ပွဲ ပြုလုပ်ရန် ဖြစ်ကြောင်း ပြောဆိုသည်။

ဒုတိယအခင်းအကျင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း မင်းအောင်လှိုင်က ပြော ဆိုခဲ့သည်။

ယာယီသမ္မတ အမည်ခံ မြင့်ဆွေကလည်း ရွေးကောက်ပွဲ အခင်းအကျင်း ၂ ခုလုံးတွင် အားသာချက်၊ အားနည်းချက်များရှိသည်ကို တွေ့ရပါကြောင်း ၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေရမည်ဟု ပြောဆိုကာ နိုင်ငံ၏ နေရာအများစုများတွင် ရွေးကောက်ပွဲ မကျင်းပနိုင် သည် ကို ဝန်ခံပြောဆိုသွားခဲ့သည်။

မင်းအောင်လှိုင်
ယာယီသမ္မတ အမည်ခံ မြင့်ဆွေ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article