30 C
Yangon

ပခုက္ကူမြို့နယ်၊ ကျပ်တိုးနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထက် မနည်းသေဆုံး

Must read

ပခုက္ကူမြို့နယ်၊ ကျပ်တိုးနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦး ထက် မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်တိုးနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း -၂၀ (ရိုးမ ရာဇာတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ကျပ်တိုးကျေးရွာအနီးရှိ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ကျပ်တိုးနယ်မြေရဲစခန်းကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာ ရီ ခန့်အထိ ၄ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများ အပြားထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ခွေးစခန်းမှာက အင်အား ၄၀ လောက်ပဲရှိတယ်၊ ပျူစောထီးမရှိဘူး၊ ရဲ၊ စစ်သားပူးပေါင်းထားတဲ့စခန်းပဲ၊ စစ်ကူလာတာလဲရှိပါဘူး၊ လေယာဉ်လဲ မလာကူဘူး၊ ကျနော်တို့ဘက်က လက်နက်ခဲယမ်းလိုအပ်ချက် ကြောင့် ပြန်ဆုတ်လာခဲ့ရတာပါ။ ဒရုန်း၊လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက် ခဲ့ကြတာ ပါ” ဟု ယင်းမာပင်ခရိုင် တပ်ရင်း -၂၀ (ရိုးမ ရာဇာတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ (ရိုးမရာဇာတပ်ရင်း-နယ်စည်းမခြား)၊ God of Myaing ၊ ဗိုလ်စကားပြောက်ကျားတပ်ဖွဲ့၊ ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ M7 PDF (ပုလဲ)၊ ပုလဲ တပ် ရင်း ၈ ၊ ယင်းမာပင် တပ်ရင်း ၂၇ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ ၊ King Fighter SGF ၊ ပေါက် ပကဖ တပ်ရင်း ၄ ၊ ပခုက္ကူတပ်ရင်း ၄ ၊ပခုက္ကူတပ်ရင်း ၁၃ ၊ ပခုက္ကူတပ်ရင်း ၁၈ ၊ ကမ္မ PDF ၊ BLDF ၊ Black Hero ၊ YGF ၊ Pauk Generation Star နှင့်တော်ဝင်ကျား PDF တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article