30 C
Yangon

တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ ခမရ ၅၆၁ တပ်ရင်းနှင့် စရဖရုံး တို့ကို ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီး

Must read

တနင်္သာရီမြို့နယ်ရှိ စစ်တပ်၏ ခမရ ၅၆၁ တပ်ရင်းနှင့် စရဖရုံး တို့ကို ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ ဩဂုတ် ၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းနှင့် စစ်ဖက် ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

ယမန်နေ့ ဩဂုတ်လ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း အခြေစိုက် ခမရ ၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ အလားတူ ည ၇ နာရီခန့်တွင် အကြမ်းဖက်စစ် ကောင်စီ၏ စဖက်ဆိုင်ရာ လုံခြုံရေး(စရဖ)ရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ကျော်ကြာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ သိန္ဓောကျေးရွာ အခြေစိုက် ရှေ့တန်း စခန်း၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်၊ တုံးဗျောကျေးရွာ အခြေစိုက် စစ်တပ် စခန်း၊ အမြောက်တပ် ၃၀၆ နှင့် အောက်ကင်းကျေးရွာ အခြေစိုက် ခမရ ၅၅၇ တပ်စခန်းတို့မှ တနင်္သာရီမြို့ အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ့နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ နှင့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့-တနင်္သာရီ မြို့နယ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

Photo – တနင်္သာရီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုံဟောင်း)

(The Tanintharyi Time သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်ဖြစ်သည်။)

တနင်္သာရီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုံဟောင်း)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article