36 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က သူတည်ထားတဲ့ မာရဝိဇယ ရုပ်တုမှာ လူစည်ကားရေး ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို မလာမနေရ လာရောက်ကြဖို့ ဖိအားပေး

Must read

အကြမ်းဖက် မင်းအောင်လှိုင်က သူတည်ထားတဲ့ မာရဝိဇယ ရုပ်တုမှာ လူစည်ကားရေး ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို မလာမနေရ လာရောက်ကြဖို့ ဖိအားပေး

ရန်ကုန်၊ ဩဂုတ် ၃

နေပြည်တော်မှာ အကြမ်းဖက်မင်းအောင်လှိုင်က သူတည်ထားတဲ့ မာရဝိဇယ ရုပ်တုမှာ လူစည် ကားရေး ပြည်သူတွေနဲ့ ဝန်ထမ်းတွေကို မလာမနေရ လာရောက်ကြဖို့ ဖိအားပေးခိုင်းစေနေတယ်လို့ သိရပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ မင်းအောင်လှိုင်က သူတည်ထားတဲ့ မာရဝိဇယ ရုပ်တုကို ဩဂုတ်လ ၈ ရက်နေ့က စလို့ အခမဲ့ ဝင်ရောက် လည်ပတ်ခွင့်ပေးမှာဖြစ်ပြီး အဲဒီကာလမှာ ပြည်သူတွေ၊ ဝန်ထမ်းတွေအနေနဲ့ ရုပ်တုရှိရာကို မဖြစ်မနေ လာရောက်ရမယ်လို့ အတင်းအကျပ် ဖိအားပေးနေတာဖြစ်တယ်လို့ နေပြည်တော်ဒေသပြည်သူတွေက ဆိုပါတယ်။

“နေပြည်တော် ပတ်ဝန်းကျင်မှာရှိတဲ့ ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်း နေ့စဉ် လူ ၄၀ ကနေ လူ ၇၀ အထိ ဩဂုတ်လ ၈ ရက်နေ့ကစလို့ ဘုရားဖူးပို့ပေးရမယ်လို့ အုပ်ကြီးတွေကို အမိန့်ပေးထားတယ်။ အုပ်ကြီးတွေကလည်း လူရနိုင်တဲ့နေရာတွေက လုပ်ငန်းတွေ၊ အိမ်ဆိုင်တွေနဲ့ KTV တွေပါ မကျန် လူလိုက်စုနေကြတယ်” လို့ နေပြည်တော်ပတ်ဝန်းကျင်မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော် ဝန်ကြီးဌာနတွေမှာလည်း ဝန်ထမ်းတွေကို မင်းအောင်လှိုင်တည်ထားတဲ့ မာရဝိဇယ ရုပ်တုကို သွားဖူးဖို့ ဖိအားပေးနေပြီး နေ့စဉ် ဘုရားဖူးသွားကြမယ့် ဝန်ထမ်းစာရင်းဇယား ထုတ်ကာ သွားခိုင်းနေတယ်လို့ သိရပါတယ်။

“တနင်္လာနေ့ကနေ တနင်္ဂနွေနေ့အထိ ဝန်ထမ်းတွေ မိသားစုလိုက်၊ ရုံးမှာ ဝန်ထမ်းအစုလိုက် အပြုံလိုက် ဘုရားဖူးဖို့ မဖြစ်မနေ လုပ်ခိုင်းပါတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာ ဘုရားသွားဖူးရမယ်။ ဝင်ကြေးလည်း အခမဲ့။ ကားလည်း စီစဉ်ပေးမယ်။ ရေသန့်၊ မုန့်ပါ ကျွေးမယ်လို့ ပြောတယ်။ ဘုရားဖူးတာကို လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် လုပ်ခိုင်းတာပါ” လို့ နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာန အရာထမ်းတစ်ဦးက ဆိုပါတယ်။

မင်းအောင်လှိုင်တည်ထားတဲ့ မာရဝိဇယ ဘုရားဟာ ယတြာနဲ့ တည်တာဖြစ်ပြီး ၉ ဂဏန်းနဲ့ တည်ထားတာလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article