28 C
Yangon

ဝက်လက်မှ ကျောင်းသား ရဲဘော်ဇင်လင်းအောင် စစ်တပ်၏ ဖမ်းဆီးမှု ခံရပြီးနောက် သတင်းပျောက်ဆုံးနေ၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုသူ သေဆုံးဟု စစ်တပ်က အကြောင်းကြား

Must read

ဝက်လက်မှ ကျောင်းသား ရဲဘော်ဇင်လင်းအောင် စစ်တပ်၏ ဖမ်းဆီးမှု ခံရပြီးနောက် သတင်းပျောက်ဆုံးနေ၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုသူ သေဆုံးဟု စစ်တပ်က အကြောင်းကြား

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)မှ ကျောင်းသား ရဲဘော် ဇင်လင်းအောင်သည် စစ်တပ်၏ ဖမ်းဆီး မှုခံရပြီးနောက် သတင်းပျောက်ဆုံးနေကြောင်း ၎င်း၏မိတ်ဆွေတချို့က ပြော ဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ စစ်တိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ကံတလူစစ်ဆေးရေးဂိတ် တွင် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗ.က.သ များ အဖွဲ့ချုပ်) မှ အဖွဲ့ဝင်ရဲဘော် ရဲဘော်ဇင်လင်းအောင်ကို စစ်အုပ်စုက ဖမ်းဆီး ခဲ့ကြောင်း၊ ဖမ်းဆီးပြီးနောက် သတင်းအစအန စုံစမ်းမရဘဲ ပျောက်ဆုံး နေကြောင်း သိရှိရသည်။

“ဖမ်းသွားတဲ့နေ့ကတည်းက သတင်းက မရဘူး။ ဘယ်ကို လိုက်လို့ ဘယ်ကို စုံစမ်းရမှန်းမသိဖြစ်နေတယ်။ သေသလား ရှင်သလား ဆိုတာလည်း မသိဘူး။ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာတော့ အတည်ပြုလို့ရတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပြောင်းဟုဆိုကာ နိုင်ငံရေး အကျဉ်းသား ၃၃ ဦးကို ခေါ်ထုတ်သွားခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ကိုသူ လည်း ပါဝင်ခဲ့ပြီး ယခုအခါ ကိုသူ သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်က အကြောင်းကြားလာကြောင်း မိတ်ဆွေတစ်ဦးက ပြောသည်။

“ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားတဲ့ထဲက ပဲခူးမြို့ ကျောက်ကြီးစု ရပ်ကွက် သား ကိုသူ တို့အိမ်ကို ရပ်ကွက်လူကြီးက ကိုသူ အတွက် နာရေး ရက်လည်လုပ်ပေးလိုက်ပါလို့ လာပြောသွားပါတယ်။ ခေါ်ထုတ် သွားတည်းက သတင်းပျောက်နေတာပါ အခုမှ ရက်လည် လုပ်ဖို့ လာပြောတာ။ သေဆုံးကြောင်းလည်းစာမပို့ပါဘူး” ဟု မိတ်ဆွေက ရှင်းပြသည်။

ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို အင်းစိန်ထောင်နှင့် သာယာ၀တီထောင် ပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်က အများအပြားကို ပစ်ခတ်သဖြတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article