28 C
Yangon

ပုလဲမြို့နယ်၊ တနယ်ကျေးရွာမှ ပကဖ ရဲဘော် ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာသား ၄ ဦးကို ဖမ်းဆီးသွား

Must read

ပုလဲမြို့နယ်၊ တနယ်ကျေးရွာမှ ပကဖ ရဲဘော် ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာသား ၄ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ ဩဂုတ် ၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ရွာ ပကဖ ရဲဘော် ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး ရွာသား ၄ ဦးကို ဆက်လက်ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့က အင်မထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် တနယ်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာ ပကဖ ခေါင်းဆောင် အသက် ၄၅ နှစ်အရွယ် ဦးမြင့်သိန်းကို လည်လှီးသတ်ဖြတ်ကာ ကျေးရွာကို မီးရှို့ပြီး လူ ငယ် ၄ ဦးကိုလည်း ဆက်လက်ဖမ်းဆီးသွားကြောင်း၊ ရွာသား၊ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း သိရသည်။

“အင်မထီးပျူရွာကနေ ထွက်လာတဲ့စစ်ကြောင်းပါ၊ အဲဒီရွာကနေ ကျနော်တို့ တနယ်ရွာကို ဝင်တယ်၊ နေ့ရောညပါ တပ်စွဲပြီး ဒီနေ့မနက်ခင်း ၄ နာရီလောက်မှာ ရွာကိုမီးရှို့ပြီး ထွက်သွားတယ်၊ သူတို့ထွက် သွားပြီး ရှင်းလင်းရေးလုပ်တော့ ဦးမြင့်သိန်း အလောင်းကို တွေ့ရတာ၊ သတ်ထားတာက လည်လှီးပြီး သတ်ထားခဲ့တာ၊ နောက်ပြီးတော့ ရွာက လူငယ် ၄ ဦးကိုလည်း ဖမ်းသွားတယ်၊ အခုထိ အဆက် အသွယ် မရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တနယ်ကျေးရွာမှ ပြည်သူ့နေအိမ် ၁၁ လုံးမီးလောင် ပြာ ကျခဲ့ပြီး ကျေးရွာနေပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကာ ယင်းအကြမ်းဖက်စစ်ကြောင်း မှာ မင်းတိုင်ပင်ကျေးရွာသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article